30 C
Yangon

ပုလော၊ ထမင်းမစားကျေးရွာတွင် စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းတပ်နှင့် ပုလော PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရမှုရှိ

Must read

ရန်ကုန်၊ မတ် ၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ထမင်းမစားကျေးရွာတွင် ပျူစောထီးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ပူးပေါင်းတပ်ဖွဲ့ကြား ကြား ယနေ့ မတ်လ ၁ ရက် နံနက် ၇ နာရီမှ ၈ နာရီ ၄၀ အထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယင်းနောက် ပလောက်အခြေစိုက် စစ်ကောင်စီ၏ တိုင်းဗဟို ၁၂ မှ စစ်သား အင်အား ၃၀ ခန့်သည် အရပ်ဝတ်များဖြင့် လာရောက်ပြီး အင်အားဖြည့်တင်းမှုကြောင့် ပုလော PDF နှင့် တိုက်ပွဲထံမံ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က သတင်းထုတ်ပြန်သည်။

တိုက်ပွဲ ၂ ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

လက်ရှိတွင် တိုက်ပွဲငြိမ်သက်သွားပြီး ထမင်းမစားကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်ကူများ ထပ်မံရောက်ရှိလာနေသဖြင့် ပြည်သူများ သတိထား သွားလာနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article