31.6 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: March, 2022

Khit Thit သတင်းဌာန၏ မတ် ၁၉ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ်လ ၁၉ ရက် ညနေပိုင်းရရှိထားတဲ့ သတင်းတွေကတော့- ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ နန့်ရင်းချောင်းအနီး၊ နန့်မြန်းကျေးရွာအနီးမှာ ဒီကနေ့ မနက် ၇ နာရီခွဲက စပြီး အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ တွေကြား...

ခရမ်းမြို့မရဲစခန်းပေါက်ကွဲမှု ရဲတပ်သား ၁ ဦးသေဆုံးပြီး မြို့ကို ပိတ်ဆို့စစ် ဆေး၊ ကျောက်တန်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး၊ မြောက်ဒဂုံရဲသင်တန်းကျောင်းတိုက်ခိုက်ခံရမှု ၁၃ ဦးသေ၊ တောင်ဥက္ကလာတွင် ဗုံးပေါက်

ရန်ကုန်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ယမန်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှု နေရာ ၃ ခုတွင် ဖြစ်ပွားခဲ့ပြီး ခရမ်းမြို့မ ရဲစခန်းပေါက်ကွဲမှုတွင် ရဲတပ်သား ၁ ဦးသေဆုံးကြောင်း ခရမ်း PDF က သတင်းထုတ်ပြန်သည်။ ခရမ်းမြို့နယ်တွင် ယမန်နေ့ညပိုင်း ဖြစ်ပွားသော ဗုံးပေါက်ကွဲမှု...

ဖားကန့်ပြည်သူများက KIA ၊ PDF နှင့် NUG ကိုထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်

ရန်ကုန်၊ မတ်လ ၁၉ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဆန္ဒပြပြည်သူများက KIA ၊ PDF နှင့် NUG ကိုထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက် ဆန္ဒပြကြသည်။ ဆန္ဒပြပြည်သူ ၁၀၀၀ ခန့် က KIA PDF...

ပြည်သူများ ပုံမှန်အတိုင်း လည်ပတ်ပျော်ရွှင်နေပြီဟု ပြသနိုင်ရေး သင်္ကြန်ရေကစားမဏ္ဍပ်တည်ဆောက်ရန်၊ ယိမ်းအဖွဲ့နှင့်ရေပက်အဖွဲ့ ဖွဲ့စည်းလုပ်ဆောင်ကြရန် စစ်ကောင်စီက ပြည်နယ်/တိုင်းကောင်စီများကို ညွှန်ကြား

ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက်စစ်ကောင်စီက တိုင်းပြည်နှင့် ပြည်သူများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ် ပျော်ရွှင်နေပြီဟု ပြသနိုင်ရေးအတွက် လာမည့် ဧပြီလ သင်္ကြန်ကာလတွင် ယိမ်းအဖွဲ့များ၊ ရေပက်အဖွဲ့များ၊ ရေကစားမဏ္ဍပ်များ တည် ဆောက်လုပ်ဆောင်ကြရန် တိုင်း/ပြည်နယ်အစိုးရများကို ညွှန်ကြားထားကြောင်း သိရှိရသည်။ စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်...

တောင်ကိုရီးယား ဆိုလ်းမြို့ ရုရှား သံရုံးရှေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ယူကရိန်း ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း မြန်မာနိုင်ငံသားများ ဆန္ဒပြ

ရန်ကုန်၊ မတ် ၁၉ တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ ရုရှားသံရုံးရှေ့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေးနှင့် ယူကရိန်းပြည်သူများဘက် အတူရပ်တည်ကြောင်း ယနေ့ မတ်လ ၁၉ ရက် နေ့တွင် မြန်မာ့ နွေဦးတော်လှန်ရေးထောက်ခံသူများ-ကိုရီးယား အဖွဲ့ နှင့် မြန်မာကျောင်းသားများ အသင်း-ကိုရီးယား အဖွဲ့တို့...

ကောလင်း၊ လောင်းရှည်နှင့် ပွင့်ဖြူ တို့တွင် စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်းနေပြီး စစ်သား ၂၈ ဦးသေဆုံး

ရန်ကုန်၊ မတ်လ ၁၉ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အစပ်ရှိ ကောလင်းနှင့် ကန့်ဘလူ မြို့နယ်ကြား နှောကုန်းရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ PDF တပ်ဖွဲ့များက ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၆နာရီခန့်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး...

စစ်အာဏာရှင် ချေမှုန်းရေး ၄၀၅ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် မတ်လ ၁၉ ရက်တွင် ၄၀၅ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

အကြမ်းဖက်စစ်တပ် ဖြိုခွဲခံနေရကြောင်း ဖက်ဆစ်ဒုခေါင်းဆောင် စိုးဝင်းပြော၊ တပ်များကို လှည့်လည်စည်းရုံးနေ

ရန်ကုန်၊ မတ် ၁၉ အကြမ်းဖက်စစ်တပ်ဒုခေါင်းဆောင် စိုးဝင်းက လက်ရှိတွင် စစ်တပ် ဖြိုခွဲခံနေရကြောင်း ယမန်နေ့ ရှမ်းပြည်နယ်၊ ကလောတပ်နယ်တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။ လက်ရှိတွင် ပြည်တွင်းပြည်ပ ပူးပေါင်း၍ နိုင်ငံရေး၊ စီးပွားရေးကို ပိတ်ဆို့သည့် နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံဖြင့် သွေးထိုးလှုံ့ဆော်ခြင်း၊ ယန္တရားရပ်တန့်စေရန် ဝန်ထမ်းများ CDM ပြုလုပ်စေခြင်း၊...

ဟိုပင်မြို့အနီး စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ မတ် ၁၉ ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ နန့်ရင်းချောင်းအနီး၊ နန့်မြန်းကျေးရွာအနီးတွင် ယနေ့ မတ်လ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာကြောင်း...

မှော်ဘီတိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်

ရန်ကုန်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ဗုံးပေါက်မှု မသင်္ကာ၍ ရေကြည်အိုင်တွင် ဖမ်းဆီးခေါ်စစ်ရာမှ လူပျိုဗိုလ်ကြီးနှင့် အိမ်ထောင်သည်ဗိုလ်ကြီးကတော်တို့၏ လူမှုရေးဖောက်ပြန်မှု ပေါ်ပေါက်လာကြောင်း ရေကြည်အိုင်စစ်ကြောရေးမှ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောသည်။မှော်ဘီလေတပ်မှ ဗိုလ်ကြီးထက်အောင်နှင့် ဇနီး ဒေါ်မေသူကျော်၊ ဗိုလ်ကြီးမျိုးလွင်ထက်တို့ကို မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ၂ စီး...

Latest news

- Advertisement -spot_img