25 C
Yangon

လေးကေ့ကော်မြို့သစ်အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသောကုန်းကို စစ်ကောင်စီက လက်နက်ကြီးတရစပ်ပစ်ပြီး ထိုးစစ်ဆင်၊ အထိအခိုက်အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာ

Must read

ရန်ကုန်၊ ဧပြီ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး KNLA ပူးပေါင်းတပ်ဖွဲ့ (ကော်ဘရာစစ်ကြောင်း) လုံခြုံရေးယူထားသော တောင်ကုန်းများပေါ်သို့ အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၁၄ ရက် ည ၁၀ နာရီ ၅၅ မိနစ်မှ စတင်ကာ တရစပ်ထိုးစစ်ဆင်ပြီး အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ မြေပြင်စစ်ကြောင်းများ ထိုးစစ်ဆင်မှုကို ကော်ဘရာစစ်ကြောင်း ရဲဘော်များက ခုခံတိုက်ခိုက်ခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက် နံနက် ၃ နာရီခွဲတွင် စစ်ကောင်စီတပ်များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားကြောင်း၊ စစ်သားသေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်။

တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သားများ ကျန်ရစ်ခဲ့သော ကျည်ဘောက်များ၊ ကျည်ဆန်များနှင့် စစ်အသုံးအဆောင်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်သားများ ဆုတ်ခွာစဉ် ကျန်ရစ်ခဲ့သော လက်နက်ခဲယမ်းအချို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article