By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၁၅ ရက် ညနေပိုင်းရရှိထားတဲ့သတင်းတွေကတော့
-မကွေးတိုင်း နတ်မောက်၊ပဲခူးတိုင်း နတ်တလင်း၊တနင်္သာရီပုလော၊မွန်ပြည်နယ်ကျိုက်ထို စတဲ့မြို့တွေမှာ စစ်ကောင်စီဒေါက်တိုင် ဘက်တော် သားတွေ အသတ်ခံခဲ့ရပါတယ်။
– သင်္ကြန်အကြတ်နေ့မှာ ရန်ကုန်ပြည်သူတွေက စစ်ကောင်စီ ဦးစီးကျင်းပတဲ့ သင်္ကြန်မှာ ပါဝင်ခြင်းမရှိပဲ တော်လှန်သင်္ကြန်ဆင်နွှဲနေတဲ့အတွက် ရန်ကုန်မြို့တော်ကြီးမှာ ဆက်လက် တိတ်ဆိတ်နေတုန်းပဲလို့ ဒေသခံတွေဆီကနေသိရပါတယ်။
– မြန်မာနိုင်ငံအတွင်း ဒီကနေ့ညနေပိုင်းရရှိထားတဲ့ သတင်းအချက်အလက်တွေအရ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။