25 C
Yangon

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည် ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား ကျင်းပ၊ AA ၊ TNLA ၊ MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ရေး၊ နိုင်ငံရေး ကူညီမည်ဟု ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၁၇

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို ဒီကနေ့( ဧပြီလ ၁၇ရက်)မှာ BPLA ဌာနချုပ်တည်ရှိရာ အမှတ် ၁ စစ်ဒေသမှာ ကျင်းပပြုလုပ်ခဲ့ပြီး KNU-KNLA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ တက်ရောက်ခဲ့ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်ဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၇ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ၁နှစ်ပြည့်မြောက်ခဲ့ပြီဘဲဖြစ်ပါတယ်။

BPLA ရဲ့ ၁ နှစ်ပြည့် အခမ်းအနားကို AA ၊ MNDAA ၊ TNLA တို့က သဝဏ်လွှာပေးပို့ခဲ့ပြီး စစ်ရေး နိုင်ငံရေး ကူညီမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article