25 C
Yangon

မုံရွာခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ဘက်မှ ဆက်လက်ရပ်တည်နေမည်ဆိုလျှင် ရှင်းလင်းသုတ်သင်ခြင်းခံရမည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ သတိပေး

Must read

ရန်ကုန်၊ ဧပြီ ၂၃

မုံရွာခရိုင်တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူနှင့်ပူးပေါင်းခြင်းမရှိဘဲ အကြမ်းဖက်စစ်အာဏာရှင်လက်အောက် ဆက်လက်ရပ်တည်နေမည်ဆိုလျှင် ရှင်းလင်းသုတ်သင်သွားမည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော မုံရွာခရိုင် တပ်ရင်း ၂၊ ၃၊ ၄ (Chindwin Attack Force) က ယနေ့ ထုတ်ပြန်သတိပေးလိုက်သည်။

ပြည်သူက ကျွေးတဲ့ထမင်းကို စားပြီး ပြည်သူ့အသံကို နားမထောင်ဘဲ ကိုယ်ချင်းစာတရားကင်းမဲ့စွာ အာဏာရူးစစ်ခွေးတစ်သိုက်ရဲ့ ခိုင်းစေမှုအောက်မှာ ပျော်မွေ့ပြီး ပြည်သူကိုဒုက္ခဆက်ပေးနေမည်ဆိုပါက ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း ကျွန်တော်တို့မုံရွာခရိုင်တပ်ရင်း ၂ – ၃ – ၄ (Chindwin Attack Force) မှအထူးသတိပေးလိုက်ပါသည် ဟု ထုတ်ပြန်ထားသည်။

မုံရွာခရိုင် တပ်ရင်း ၂၊ ၃၊ ၄ (Chindwin Attack Force) သည် မုံရွာ၊ ညောင်ပင်ကြီးရပ်ရှိ အမှတ် ၂ နယ်မြေရဲစခန်းကို ၂ ကြိမ်တိုင် တိုက်ခိုက်ထားခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့သည်။

ယခု သတိပေးချက်သည် နောက်ဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ပြည်သူ့ဘက်မှ မရပ်တည်ပါက အမြစ်ပြတ်ချေမှုန်းသွားမည်ဟု Chindwin Attack Force က ပြင်းပြင်းထန်ထန် သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article