25 C
Yangon

သရက်ချောင်းတွင် ရေတပ် အရာရှိများ လိုက်ပါလာသည့် ယာဉ်တန်း မိုင်းဆွဲ ခံရပြီး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်သောကြောင့် ပြည်သူပိုင် နေအိမ်များ ထိမှန်၊ ရေးမြို့တွင်လည်း စစ်ကောင်စီ ဂိတ်စခန်း ပစ်ခတ်ခံရပြီး စစ်သား ၂ ဦး သေဆုံးကာ၊ ၂ ပွင့်အရာရှိ ဒဏ်ရာပြင်းထန်

Must read

ရန်ကုန်၊ ဧပြီ ၂၃

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို ့နယ်၊ ညောင်ဇင်ရွာနှင့် ရန်တောင်ရွာကြား ဧပြီလ ၂၂ ရက်နေ့ ည ၁ဝနာရီန့်တွင် စစ်ကောင်စီရေတပ် အရာရှိများအား လုံခြုံရေးယူ လိုက်ပါလာသော စစ်ကား ၁၃ စီးပါ ယဉ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်ဦးထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်ဦးနှင့် KNDO Special တပ်ရင်း (တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်) တို့မှ ရှေ ့ထွက်မိုင်း ၃ လုံး၊ မိုင်းကြီး ၅လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် ကားများထိုးရပ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃ဝခန့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူများ နေထိုင်သည့် ကျေးရွာများကို ထိမှန်ခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး တံတားကြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို MSRO အဖွဲ့က ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၉ နာရီတွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ပွင့် အရာရှိ ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

တံတားကြီးတွင် စစ်ဆေးဂိတ်ဖွင့်ကာ ထိုင်နေသော စစ်ကောင်စီတပ်ဖွဲ့ကို အနီးကပ် သွားရောက် ပစ်ခတ်ရာ စစ်သား ၂ ဦး နေရာတွင်သေဆုံးကြောင်း၊ ၂ ပွင့် အရာရှိမှာ သေနတ်ဒဏ်ရာများရရှိကြောင်း မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article