25 C
Yangon

ရန်ကုန်မြို့တွင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားများ ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ဧပြီ ၂၇

ရန်ကုန်မြို့တွင်း တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားများက ယနေ့ ချီတက် ဆန္ဒပြသပိတ်မှောက်ကြသည်။

“အုံကြွပုန်ကန် ပြည်သူ့အသံ” ကြွေးကြော်သံကို ကိုင်စွဲကာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)က ဦးဆောင်၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ အခြေခံပညာကျောင်းသားရေးရာအဖွဲ့ချုပ်(အ.က.ရ) ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနှင့် ရန်ကုန်မြို့ရှိတော်လှန်လူငယ်များစုပေါင်း၍ အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အားစနစ်တကျအောင်မြင်စွာ ချီတက် သပိတ်မှောက်ကြသည်။

စစ်အာဏာရှင်ကို အဆုံးထိဆန့်ကျင်တော်လှန်သွားမည်ဖြစ်ပြီး လုံးဝအုပ်ချုပ်ခွင့်မရ ဆိုသည့်အတိုင်း မြို့ပြကျေးလက်ဟန်ချက်ညီစွာ ဆန့်ကျင်ပုန်ကန်အုံကြွနေမည်ဖြစ်ကြောင်း ၊ ပြည်သူလူထုနဲ့တစ်သားတည်း ဆန့်ကျင်တော်လှန်တိုက် ပွဲဝင်သွားမည်ဖြစ်ကြောင်း စသည့်ကြွေးကြော်သံများဖြင့် ဆန့်ကျင်ဆန္ဒပြကြွေးကြော်ကြသည်။

Photo -Yangon Drone

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article