25 C
Yangon

ဒီးမော့ဆို၊ ဒေါငံခါးနှင့် ကုန်းသာတွင် စစ်ကောင်စီတပ်နှင့် KRU တပ်ပေါင်းစုကြား ၁ ရက်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး ၁၀ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က နယ်မြေရှင်းလင်းရေးပြုလုပ်နေပြီး ဧပြီလ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ၂ ကြိမ် တိုက်ပွဲဖြစ်ကာ စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကြောင်း KRU က ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဒေါငံခါးကျေးရွာ၌ ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီခန့်တွင် ကုန်းသာကျေးရွာ၌ ၁ ကြိမ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒီးမောဆို PDF နှင့် KRU တပ်ပေါင်းစု ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကရင်နီတော်လှန်ရေးတပ်ရေးတပ်ပေါင်းစု KRU နှင့် ဒီးမောဆို PDF ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ဒီးမောဆိုမြို့နယ်အတွင်း၌ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း KRU က ထုတ်ပြန်ထားသည်။

KRU ကို ဧပြီလ ၆ ရက်နေ့တွင် Karenni Generation Z (KGZ)၊ Karenni Democratic Front၊ Fight for Justice (JPDF)၊ GZ-21 (Loikaw)၊ Medic Unit၊ Southern Shan People Defense Force (SSPDF) စသည့် တပ်ဖွဲ့ ၆ ခု ပူးပေါင်းကာ ဖွဲ့စည်းထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article