25 C
Yangon

ကလေးမြို့နယ်၊ ရှားဖိုရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး၊ စစ်သားအလောင်းများနှင့်လက်နက်များ သိမ်းဆည်းရမိ၊ စစ်တပ်အထိနာ၍ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊မေ ၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာတွင် ယမန်နေ့ မေလ ၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ စစ်သားအလောင်း များနှင့်လက်နက်များ သိမ်းဆည်းရမိကြောင်း ကလေး PDF က သတင်းထုတ်ပြန်သည်။

မေလ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကလေးမြိုနယ်တောင်ပိုင်း ရှားဖိုရွာဘက်သို့ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ပြီး PDF (Kalay) ၊ CDF (KKG) ၊ RKDF ၊ ပ.က.ဖ နှင့် Zomi PDF ပူးပေါင်းတပ်ဖွဲများဖြင့် ယမန်နေ့ မေလ ၃ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ၊ ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရှားဖိုရွာအတွင်းသို ဝင်ရောက်ကာ နေအိမ်များကို မီးရှိဖျက်စီးခဲ့ကြောင်း၊ နှစ်ရက်တာ ပြင်းထန်ခဲ့သည့်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် အနည်းဆုံး ၂၀ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း PDF ကလေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများ အောင်မင်္ဂလာရွာဘက်မှ ရှားဖိုရွာဘက်သို ချဉ်းကပ်လာစဉ် PDF (Kalay) တပ်ဖွဲများက အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ထပ်မံ၍ အများအပြားသေဆုံးနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများ အထိနာနေသဖြင့် ကြံသာရွာနှင့် အောင်မင်္ဂလာရွာဘက်မှ လက်နက်ကြီးများဖြင့် ရှားဖိုရွာဘက်သို ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ မေလ ၃ ရက် မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ရှားဖိုရွာသို ၂ ကြိမ် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲများမှ ရှေ့တက်နယ်မြေရှင်းလင်းခဲ့စဉ်အတွင်း စစ်ကောင်စီတပ်သား အလောင်း ၄ လောင်းနှင့်အတူ MA1 မောင်းပြန်သေနတ် ၂ လက်၊ MA2 စက်ကလေး ၂ လက်၊ MA ကျည်အိမ် ၁၀ ခု ၊ ၅.၅၆ ကျည် ၁၅၀ တောင့် ၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး နှင့် ဖုန်း ၂ လုံး တိုကို သိမ်းဆည်းရမိခဲ့ပါသည်။

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများဘက်မှ လွှတ်တင်သော ဗုံး ၃ လုံးပါဝင်သည့် တိုက်ခိုက်‌ရေးဒရုန်း ၁ စင်း ကိုလည်း ပူးပေါင်းတပ်ဖွဲများက နေ့လည် ၂ နာရီခန့်တွင် ပစ်ချနိုင်ခဲ့ပါသည်။

၂ ရက်တာတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲများဘက်မှ CDF (KKG) တပ်ဖွဲဝင် ၁ ဦး လက်နက်ကြီးအပိုင်းအစ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး (မစိုးရိမ်ရပါ) စစ်ကောင်စီတပ်ဖွဲများပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ရှားဖိုရွာမှ အရပ်သားပြည်သူ အမျိုးသား ၂ ဦး သေဆုံးပြီး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article