25 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရ NUGက အဖွဲ့ဝင် ၁၆ ဦးပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဖွဲ့စည်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေကိုလည်း ပြဋ္ဌာန်း

Must read

ရန်ကုန်၊ မေ ၄

အမျိုးသားညီညွတ်ရေးအစိုးရ NUGက အဖွဲ့ဝင် ၁၆ ဦးပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဖွဲ့စည်းလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကိုလည်း ပြဋ္ဌာန်းလိုက်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည် ထောင်စုဝန်ကြီး တရားရေးဝန်ကြီးဌာန၊ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန
၊ ပြည် ထောင်စုဝန်ကြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိကြီး၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အရာရှိကြီး၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ တွဲဖက် အတွင်း ရေးမှူး ၁ အဖြစ် ညွှန်ကြားရေးမှူးချုပ် ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့၊ တွဲဖက် အတွင်းရေးမှူး ၂ အဖြစ် ညွှန်ကြားရေးမှူးချုပ် ၊စီးပွားရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့တို့ဖြင့် ဖွဲ့စည်းကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ကလည်း ပြည်ထောင်စုလွှတ်တော်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး ရဲချုပ်အပါအ၀င် ရဲအရာရှိကြီးများကို ခန့်အပ်မည်ဖြစ်ကာ CDM ရဲများကိုလည်း တရားဝင် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article