29 C
Yangon

မြောင်တွင် ကျေးရွာများကို မီးရှို့နေသော စစ်တပ်အား ကာကွယ်ရန် လေတပ်က ရဟတ်ယာဥ်ဖြင့် ရမ်းသမ်း ပစ်ခတ်နေ

Must read

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ကျေးရွာများကို မီးရှို့နေသော အကြမ်းဖက် စစ်တပ်အား ကာကွယ်ရန် လေတပ်မှ ရဟတ်ယာဥ်များဖြင့် ယနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ရမ်းသတ် ပစ်ခတ်နေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOM ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် လေတပ်မှ ရဟတ် ယာဥ်များသည် ယနေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်မှ စတင်ကာ တမဆေးကန်၌ တပ်ဆွဲပြီး မီးရှို့နေသော ခြေလျင် စစ်တပ် စစ်ကြောင်းကို အကာအကွယ်ပေးရန် တမဆေးကန်၏ အနောက် ဘက်သို့ တစ်ကြိမ်၊ တောင်ဘက်သို့ တစ်ကြိမ်၊ နဘက်နှင့် သောင်ကြီးကြား မြောက်ဘက်သို့ တစ်ကြိမ် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ရဟတ်ယာဥ်များသည် ရွှေဘုံသာ၊ နဘက်၊ သောင်ကြီးနှင့် ဧရာဝတီ မြစ်ရိုးတစ်ခြမ်းကို ၁၁ ကြိမ်ထက်မနည်း ပျံသန်းကာ ပစ်မှတ်လိုက်ရှာခဲ့သောကြောင့် CDSOM တပ်ဖွဲ့မှ ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရမှု ၃ ကြိမ် အတွင်း အရပ်သား ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ စစ်ဘေးရှောင် ပြည်သူများ အနေဖြင့် လေယဥ်သံကြားလျှင် ကွင်းပြင်များ၌အစုလိုက်မနေကြရန်၊ အတန်းလိုက် မသွား လာကြရန်နှင့် လူအုပ် လူတန်းမြင်လျှင် ရမ်းသမ်း ပစ်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း CDSOM တပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article