28 C
Yangon

မြင်းမူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံး၊ ပခုက္ကူ ပျူစောထီးကျေးရွာကို တိုက်ခိုက်မှု စစ်သား ၃ ဦးအပြင် ပျူစောထီး ၁၇ ဦးပါ ထပ်မံသေဆုံး

Must read

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ယနေ့ညနေပိုင်း စစ်ကား ၃ စီးကို PDF ပူး ပေါင်း တပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးကြောင်း Moe Nyo Revolution Force M.N.R.F က သတင်းထုတ်ပြန်သည်။

မေလ၂၉ရက်နေ့ ညနေ၆နာရီအချိန် စစ်ကိုင်းမှထွက်လာသော စစ်ကား ၃ စီးကို မြင်းမူမြို့နယ် နပဲကြူးဇရပ်အနီးတွင် Moe Nyo Revolution Force M.N.R.F က ဦးဆောင်ပြီး PENTAGRAMငါးထောင့်ကြယ် ၊ PEOPLE REVOLUTION FORCE P.R.Fနှင့် People’s Guerillas Commando – Myinmu ညီနောင်လေးဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား၂စီးမှာလုံးဝထိမှန်သွားပြီးစစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ၊ စစ်ကား ၃ စီးမှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ စစ်ကိုင်းဘက် လာရာလမ်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာကို မေလ ၁၉ ရက်နေ့တွင် ပခုက္ကူ မြို့ပြပြောက်ကြားတပ်ဖွဲ့ (P.U.G.F) နှင့် မဟာမိတ်တပ်ပေါင်းစုများ စုပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးသည်ဟု မေလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း ၊ ယနေ့ ထပ်မံသတင်းရရှိချက်အရ မေလ ၁၉ ရက်နေ့တိုက်ပွဲတွင် စစ်သား ၃ ဦးအပြင် ပျူစောထီး ၁၇ ဦး သေဆုံးပြီး စစ်သားနှင့်ပျူစောထီး ၁၄ ဦး ဒဏ်ရာရရှိကြောင်း ပခုက္ကူ မြို့ပြပြောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article