29 C
Yangon

တောင်ငူ၊ ထုံးဘိုကြီးကျေးရွာအနီးရှိ စစ်ကောင်စီ ဂိတ်စခန်း ၁ ခုကို NTDF ဝင်တိုက်၊ စစ်သား ၆ ဦး ထိခိုက်သေဆုံးနိုင်

Must read

ရန်ကုန်၊ မေ ၃၀

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်၊ တောင်ငူမြို့နယ်၊ ထုံးဘိုကြီးကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ဂိတ်စခန်းကို ယနေ့ မေလ ၃၀ ရက် နံနက် ၅ နာရီဝန်းကျင်တွင် သံတောင်မြောက်ပိုင်း (အထူးဒေသ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NTDF က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား အနည်းဆုံး ၆ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း NTDF ထံမှ သတင်းရရှိသည်။

“စစ်ဆေးရေး ဂိတ်စခန်းကို မနက် ၅ နာရီ ၁၀ မိနစ်မှာ အလစ်အငိုက်ဝင်တိုက်တာပါ၊ တိုက်ပွဲက မိနစ် ၂၀ လောက် ကြာတယ်။ အဲဒီစခန်းမှာ စစ်သား ၁၂ ယောက်လောက် ရှိတယ်။ ၆ ယောက်ထက်နည်း ထိခိုက်သေဆုံးနိုင်တယ်” ဟု NTDF ဒုတိယ တာဝန်ခံ ဦးမုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထုံးဘိုကြီးကျေးရွာသည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ် ရေတာရှည်-လိပ်သို ကားလမ်းအနီးတွင် တည်ရှိသည်။

ယမန်နေ့ မေလ ၂၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၂ စီးကို ရေတာရှည်မြို့နယ်၊ ရွှေတောင်ရွာသစ်နှင့် ကျောက်ပုံရွာကြား ကဲလင်းဆိတ်တွင် NTDF တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကား ၁ စီးကို ထိမှန်ခဲ့သော်လည်း စစ်သား ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ကြောင်း NTDF က ဆိုသည်။

ဓါတ်ပုံ – NTDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article