36 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရန်ကုန်မြို့လယ်ခေါင်၊ အနော်ရထာလမ်းမပေါ် ကားမှတ်တိုင်မှာ ဒီကနေ့ ညနေ ၃ နာရီကျော်လောက်က ဗုံးပေါက် ကွဲပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
– ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှာ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်က မိုင်းခွဲခံရပြီး လူ ၅ ဦးထက် မနည်း ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
-ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က မေလ ၂၄ ရက်နေ့ နဲ့ ၂၆ ရက်နေ့ တွေမှာ ၂၈ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ နေအိမ် ၁၃၅ လုံးမီးလောင်ပျက် ဆီးခဲ့ တယ်လို့သိရပါတယ်။
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ စနေမ- ၅ ထိပ်မှာရှိတဲ့ စစ်တပ်အထည်ချုပ်စက်ရုံမှာ တပ်စွဲထားတဲ့ စစ် ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မေလ ၃၁ ရက်နေ့ မနက် ၅ နာရီ ကျော်လောက်မှာ လှိုင်သာယာ ပြည် သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ် H-RDF က ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ သတင်းအ ပါအဝင် နောက်ဆုံးရ သတင်း တွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article