30 C
Yangon

စစ်ကိုင်းမှ ဗီဒီယို ရိုက်ကူးရေးသမား ဦးအေးကျော်ကို တပ်မ ၃၃ က နာရီပိုင်းအတွင်းဖမ်းဆီးသတ်ဖြတ်ပြီး အလောင်း စွန့်ပစ်၊ မိသားစုက အလောင်းပြန်ကောက်သဂြိုလ်ရ၊ စစ်ကိုင်းတွင် ပြည်သူ ၃ ဦးထက်မနည်းကို စစ်တပ်က သတ်ဖြတ် အလောင်းစွန့်ပစ်

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အောင်ချမ်းသာမှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးသမား ဦးအေးကျော်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် အလောင်းကို စွန့်ပစ်ခဲ့သဖြင့် မိသားစု မိမိအစီအစဉ်ဖြင့် မိမိအလောင်းကောက်ယူသဂြိုလ်ရကြောင်း ဦးအေးကျော်၏ မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ဦးအေးကျော်ကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၂ နာရီခန့် နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယင်းနေ့ ညနေ ၄ နာရီခန့်တွင် ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း၊ ယင်းနောက် မိသားစုက မိမိ၏ အစီ အစဉ်ဖြင့် ပြန်လည်ကောက်ယူသဂြိုလ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

တပ်မ ၃၃ က ဦးအေးကျော်ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ကို မသိရှိရပေ။

“မနေ့က နံနက် ၂နာရီ မှာ သူ့အိမ်ကို ၀င်ဖမ်းသွားတာ။ အရင် စစ်ကိုင်းစီတီးရပ်ကွက် အုပ်ချုပ်ရေး‌မှုး နဲ့ စခတွေ လာဖမ်း။ ညနေ ၄ နာရီမှ အလောင်းကို စွန့်ပစ်တယ်။ တပ်မ ၃၃ ကခွေးတွေက သူ့ကို သတ်ပြီး မုံရွာကားလမ်းဘေး ရွှေဗျိုင်းဖြူဆီဆိုင်အနားမှာ အလောင်း လာပစ်သွားတာ။ အဲဒါ မိသားစု အလောင်းကို ပြန်ကောက်ပြီး သဂြိုလ်ရတယ်။ သူ့ဖုန်းကိုတော့ ခွေးတွေက သိမ်းထားတယ်” ဟု ဦးအေးကျော်၏ မိတ်ဆွေက ရှင်းပြသည်။

ထို့ပြင် စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ က ပြည်သူများကို မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး ၃ ဦးထက်မနည်းကို သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ကြောင်း ၊ မိသားစုက အလောင်းပြန်လိုချင်၍ ကောက်ယူသဂြိုလ်ရပြီး ဖေ့ဘုတ်စ် အင်တာနက် ပေါ် မတင်ရန် စစ်တပ်က ခြိမ်းခြောက် ထားကြောင်း သိရှိရသည်။

“မနေ့ညက ၃၃ ကခွေးတွေ ၃ယောက် သတ်တယ်လို့ သိရတယ်။ သူတို့ စွန့်ပစ်ထားတဲ့ အလောင်းလာကောက်ရင် line ပေါ်မတင်နဲ့လို့ ခြိမ်းခြောက်တယ်။ တပ်မ ၃၃ ထဲ ဖမ်းထားတဲ့ သူတွေကိေ PDF လို့ သတ်မှတ်ပြီး သတ်နေတာ။ စစ်ကြောရေးမှာ သတ်တာ။ ညဆိုရင်လည်း တပ်ထဲမှာ သောက်စားမူးယစ် အောင်ပွဲခံနေတာ ညတိုင်း သီချင်းတွေဖွင့် ကနေကြတာ။လူမသိသူမသိ အသတ်ခံရတဲ့ သူတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ဦးအေးကျော်၏ အလောင်းနှင့် မကွယ်လွန်မီက ဦးအေးကျော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article