36 C
Yangon

ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို သာယာတီထောင်ပြောင်းရွှေ့၊ ဖျာပုံထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၀ ကို ပုသိမ်ထောင်ပြောင်းရွှေ့

Must read

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့ ခြင်းများ လုပ်ဆောင်နေပြီး ဘားအံအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးကို သာယာ၀တီထောင်သို့ လည်းကောင်း၊ ဖျာပုံထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၀ ဦးကို ပုသိမ်ထောင်သို့လည်းကောင်း ပြောင်းရွှေ့ ကြောင်း အကျဉ်းသားမိသားစုများထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုများလုပ်ဆောင်ခြင်းဖြစ်ပြီး ထောင်ပြောင်းရွှေ့မှုများကို ကြိုတင်ပြောဆိုခြင်းမရှိကြောင်း ၊ ယနေ့ နံနက်အစောပိုင်းတွင် ထောင်ပြောင်းရွှေ့မှုများကို အလောတကြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဒီမနက် ၃ နာရီမှာ ထောင်ပြောင်းပါတယ်။ သာယာ၀တီထောင်ကို ပို့တယ်။ ကြိုမပြောဘဲ ရွှေ့လိုက်တာ” ဟု အကျဉ်းဦးစီးဌာနနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

အလားတူ ဧရာ၀တီတိုင်း၊ ဖျာပုံမြို့အကျဥ်းထောင်တွင် နိုင်ငံရေးပုဒ်မ ပုဒ်မ၅၀၅ (က) ဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ ၅၀ ဦးကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ဖျာပုံထောင်သို့ ပြောင်းရွှေ့ကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို ပြောင်းရွှေ့မှုများ လုပ်ဆောင်ခြင်း ဖြစ်ပြီး အခြားသော အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ ထောင်ပြောင်းရွှေ့ခြင်းကို ရန်ကုန်ခေတ်သစ်က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- ဘားအံအကျဉ်းထောင်မှ သာယာ၀တီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦး စာရင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article