34 C
Yangon

လေးကေ့ကော်တွင် စစ်ကြေင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး သေဆုံး ၇ ဦး ဒဏ်ရာရ လက်နက်ခဲယမ်းအချို့ ရရှိ၊ Cobra ရဲဘော် ၁ ဦး ကျဆုံ

Must read

ရန်ကုန်၊ ဇူလိုင် ၁

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ လေးကေ့ကော်ဒေသရှိ တောင်ကုန်းတခုပေါ်သို့ ဇွန်လ ၂၉ ရက် ညနေပိုင်းတွင် လက်နက်ကြီး ပစ်ကူပြီး ၂ ကြိမ် စစ်ကြောင်းထိုး တက်လာသော အကြမ်းဖက်စစ်တပ်နှင့် Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး ထိမှန်ပြီး Cobra စစ်ကြောင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၉ ရက် ညနေ ၆ နာရီတွင် အကြမ်းဖက်စစ်တပ်သည် ၄၀မမ၊ ၈၁ မမ၊ ၁၂၀ မမ စသည့် လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ဆင်လာပြီး Cobra စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ ည ၁၀ နာရီခန့်တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ည ၁၁ နာရီခန့်တွင် ထပ်မံ ထိုးစစ်ဆင်လာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ၊ လက်နက်ကြီး ပစ်ကူများ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဇွန်လ ၃၀ ရက် နံနက်အစောပိုင်း ၁ နာရီတွင် Cobra ရဲဘော် ၁ ဦး လက်နက်ကြီး ထိမှန် ကျဆုံးခဲ့ကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယင်းနောက် Cobra စစ်ကြောင်းက နယ်မြေရှင်းလင်းရာ အကြမ်းဖက်စစ်ကောင်စီက ဆုတ်ခွာထွက်ပြေးစဉ် ကျန်ရစ်ခဲ့သော ၆၀ မမ ဗုံးသီး ၁ လုံး၊ ၄၀ မမ ဗုံးသီး ၁လုံး၊ RPG ဗုံးသီး ၁ လုံးနှင့် ယမ်းတောင့် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article