30 C
Yangon

ကနီမြို့နယ်တွင် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၁

ကနီမြို့နယ် ရှစ်ခိုးထပ်ကွေ့အနီး၌ ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူ ၅ ဦးဖြစ်သည့် ၁၀ တန်းကျောင်းသား အသက် ၁၆ နှစ်အရွယ် ကိုဇော်မင်းထွန်း၊ ဦးသက်ရှည်၊ ကိုထွန်းရွှေ၊ ကိုဇေယျာထွန်းနှင့် ကိုဆန်းမင်းနိုင်တို့ကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နှင့် ဇူလိုင်လ ၁ ရက်နေ့တို့တွင် ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်-ဘုတလင်လမ်း ရှစ်ခိုးထပ်ကွေ့အနီး၌ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article