31 C
Yangon

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ချက်ချင်းနုတ်ထွက်ရန် သတိပေး၊ တိုင်း၊ ခရိုင်၊ မြို့နယ် ၊ ရပ်ကွက်အဆင့်ဆင့် အရေးယူမည်ဟု လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာနိုင်အောင်ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းတစ်တိုင်းလုံးရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ အားလုံး ချက်ချင်းနုတ်ထွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိပေးထားကြောင်း စစ် ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနိုင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင် စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် သတိပေးခြင်းဖြစ်ပြီး ၁၀ ရက်အတွင်း နုတ်ထွက်ရမည်ဖြစ်ကြောင်း၊ အကယ်၍ မနုတ်ထွက်ပါက ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို နှောင့်ယှက် ဖျက်ဆီးသူများဟု မှတ် ယူလျက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“တိုင်းအနေနဲ့ ခရိုင်အဆင့်ဆင့်ကို ဆင့်ကဲ့ဆင့်ကဲ ကြေငြာချက်ထုတ်ပြန်ပြီး ခရိုင်အဆင့်ကနေ မြို့နယ်အဆင့် ရပ်ကျေးအဆင့်ဆင့်ကို ထပ်မံ ထုတ်ပြန် ကြေညာပြီး အရေးယူမှုတွေနဲ့ လုပ်ငန်းလုပ်ဆောင်မှာဖြစ်တဲ့အတွက် စစ်ကိုင်း တိုင်းတတိုင်းလုံး လွမ်းခြုံနိုင်ပါလိမ့်မယ်ဗျ” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါက်တာနိုင်အောင်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ခရိုင်များတွင် စစ်တပ်လက်အောက်ခံ မြို့ နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ တာဝန်မှ နုတ်ထွက်ကြရန် သတိပေးချက်များ တောက်လျှောက်ဆိုသလိုထုတ်ပြန်လျက်ရှိနေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article