BY ရန်ကုန်ခေတ်သစ်
စစ်ကောင်စီက ကိုဂျင်မီ(ခ) မင်းယုကျော်၊ ကိုဖြိုးဇေယျာ်သော်(ခ) မောင်ကျော် အပါအဝင် ဦးလှမျိုး အောင်၊ ဦးအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက ၎င်းတို့ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ သေဒဏ်ချမှတ်ကာ တရားလက်လွတ် စီရင်ခဲ့ပါတယ်။
အခုလို ကာယကံရှင် မိသားစုဝင်တွေကို အသိမပေးဘဲ တရားရုံး လုပ်ထုံးလုပ်နည်း ဥပဒေတွေကို ချိုး ဖောက်ပြီး သေဒဏ်အမိန့် စီရင်လိုက်တဲ့ အပေါ်မှာ ကိုဖြိုးဇေယျာ်သော်ရဲ့ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်ကဘယ်လို တုံ့ပြန်ဖို့ရှိနေလဲ။တော်လှန်ရေးလှုပ်ရှားမှုတွေကို ဘယ်လိုအတူတူလုပ်ဆောင်ခဲ့လဲ။ကိုဖြိုးဇေယျာသော်က ဘယ်လိုလူမျိုးလဲ။ကိုဖြိုးဇေယျာသော်ဖြစ်ချင်တဲ့ မြန်မာနိုင်ငံကြီးက ဘယ်လိုမျိုးလဲ ဆိုတာသိရအောင် မသဇင်ညွှန့်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။