35 C
Yangon

တမူး-အောင်ဇေယျကားလမ်းတွင် နယ်ထိန်းရဲတပ်ကြပ်ဇော်မင်းထွန်းပိုင် လိုင်စင်မဲ့ယာဉ်ကို PDF က သိမ်းဆည်း

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-အောင်ဇေယျကားလမ်းတွင် တမူးမြို့နယ်ရဲတပ်ဖွဲ့၊ နယ်ထိန်းရဲတပ်ကြပ်ပိုင်ဆိုင်သော လိုင်စင်မဲ့ယာဉ်ကို PDF က သိမ်းဆည်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း(၁)၊ တမူးက တရားဝင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် PDF တပ်များက တမူး-အောင်ဇေယျကားလမ်းပိုင်းကို နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် သတင်းအရ တမူးမြို့ဘက်သို့ဦးတည်မောင်းနှင်လာသည့်MDY 2L-1353နံပါတ်ပါ (KLUGER)အဖြူရောင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်ကောင်စီလက်အောက်ခံ တမူးမြို့နယ်၊မြို့သစ်မြို့ရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ဇော်မင်းထွန်း(ခ)ဖိုးဇော်ပိုင်ဆိုင်သော မော်တော်ယာဉ်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းမော်တော်ယာဉ်ကို PDF က တရားဝင် သိမ်းယူခဲ့ကြောင်း သိရှိရသည်။

တမူးနယ်ထိန်း ရဲတပ်ကြပ်ဇော်မင်းထွန်းပိုင် မော်တော်ယာဉ်သည် လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ပြီး အများပြည်သူထံမှမတရား ငွေညှစ်တောင်းခံခြင်း၊သစ် ကျွဲ နွား မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်သူများထံမှဆက်ကြေး လိုင်းကြေးကောက်ခံရရှိငွေများဖြင့်ဝယ်ယူပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း စသည်တို့ကိုလည်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ အတည်ပြုချက် ရရှိခဲ့ကြောင်း သိရှိရသည်။

တမူးမြို့နယ်၊ တမူး-အောင်ဇေယျကားလမ်းပိုင်းအတွင်း PDF က ထုတ်ပြန်ကြေညာထားသည့် စည်းကမ်းချက်များအပြင် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်သည့် မည်သည့်အရာမဆို စစ်ဆေးတွေ့ရှိပါက တော်လှန်ရေးလုပ်ငန်းစဉ်များတွင်လိုအပ်သလိုအသုံးပြုရန်အတွက် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁) ၊တမူးမြို့က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article