34 C
Yangon

KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ဇွန်လတွင် တိုက်ပွဲပေါင်း ၃၆၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၄၀၀ ကျော် သေဆုံး၊ ဥကရစ်ထတိုက်ပွဲတွင် ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၉၄ ကြိမ် ပြုလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၆

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်၊ လက်ပါးစေ BGFများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO၊ ပူးပေါင်းတပ်ဖွဲ့များကြား ဇွန်လ ၁ လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၄၁၀ ဦး သေဆုံးကာ ၃၃၅ ဦး ဒဏ်ရာရကြာင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ဇွန်လအတွင်း နေ့စဉ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၇ ဦး ကျဆုံးက ၂၈ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

KNU တပ်မဟာ ၆ နယ်မြေရှိ ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း KNU က ထုတ်ပြန်ထားပြီး အဆိုပါ တိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article