28 C
Yangon

ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများ နေ့စဉ် ဖြစ်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၅

ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့တွင် ဖောက်ခွဲတိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပေါ်နေကြောင်း‌ ဒေသခံများနှင့် မြို့ပြပျောက်ကျားတပ်ဖွဲ့များထံမှ သိရှိရ သည်။

ရန်ကုန်မြို့မှာ ပေါက်ကွဲမှုများနှင့်ဖောက်ခွဲတိုက်ခိုက်မှုများ

=================================

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း EPC ရုံးကို ဩဂုတ်လ ၄ ရက်နေ့ည ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် အဝေးထိန်း ၃ လုံးဖြင့် Human Right Defenders (HRD) နှင့် Generation Z Defence Force & Supply Army (GZDF) တိုပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

ဩဂုတ်လ ၄ ရက်နေ့ ည ၁၁ နာရီ ၁၂ မိနစ်အချိန် မြောက်ဒဂုံ ၇၊၈ လမ်းဆုံးအနီးတွင်လည်း ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရကြောင်း ဒေသခံများက ဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် အင်းစိန်နှင့် မရမ်းကုန်းမြို့ နယ်တွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ ထို့ပြင် ယနေ့ နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် EPC လျှပ်စစ်ဝင်းကိုလည်း သေနတ်ဖြင့်ပစ်ခတ် မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မန္တလေး၊ အမပူရ စစ်ဆေးရေးဂိတ်နှင့်ခရိုင်ရဲရုံး ပစ်ခတ်ခံရ ၊ နေရာအနှံ့အပြား ဗုံးခွဲမှုများဖြစ်

==========================================

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြိုနယ်၊ ယဉ်တော်ကျေးရွာ၊စစ်ကိုင်း-မန္တ‌ လေး ကမ်းနားလမ်းတွင် ယမန်နေ့ သြဂုတ် ၄ ရက် နံနက် ၁၀ နာရီအချိန်ခန့် မော်တော်ယာဥ်စစ်ဆေးရေးဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းဖြစ်သူ မောင်ကိုကိုအောင်နှင့် ဦးညွန့်ဝင်းတို့ ဒဏ်ရာရ ရှိ ကြောင်း No More Dictatorship ပြောက်ကျားအဖွဲ့က ဖောက်ခွဲခြင်းဖြစ် ကြောင်း သိရှိရသည်။

·

အလားတူ မန္တလေးမြို့ ၁၉လမ်း ၉၀လမ်းအောက်ခရိုင်ရဲစခန်းကိုယမန်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရှိရသည်။

ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ကျောက်မီး ကျေးရွာ အုပ်ချုပ်‌ရေးမှူးကြီးရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားပြီး စစ်တပ်က ဆိုင် ကယ်၊ ကားများနှင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

သရက်မြို့တွင် ဗုံးပေါက်ကွဲပြီး ၁ ဦး သေဆုံး

========================

မကွေးတိုင်း သရက်မြိုအထွက်နားတွင် ယနေ့ ပေါက်ကွဲမှု ၁ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ကျား ၁ မ ၁ သေဆုံးကြောင်း၊ မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို စစ်တပ်တွေ့ရှိခဲ့ပြီး ဖောက်ခွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်ကြောင်း မကွေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရ

======================================

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ကြို့ပင်​ကောက်မြို့၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ယနေ့ သြဂုတ် ၅ ရက်နံနက် ၈ နာရီခွဲအချိန် ဗုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ကြောင်း Dragon Brothers PDF (GBK)က သတင်းထုတ် ပြန်သည်။

ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်း ဘောလုံးကွင်းထိပ်ရှိ စစ်ဆေးရေး ဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များ။ (ပုံအဟောင်းဖြစ်သည်)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article