34 C
Yangon

Khit Thit သတင်းဌာန၏  ဩဂုတ် ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့  ဩဂုတ် ၆ ရက် မနက်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့

-ကလေးမြို့မှာ စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၀ကျော်သေဆုံးခဲ့တယ်လို့ PDF(ကလေး)က ထုတ်ပြန်သည်။

– ရွှေဘိုမြို့နယ်အတွင်း လမ်းပိုင်းသုံးခုကို ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း ပြည်သူတွေ သွားလာခြင်း မပြုကြဖို့ နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့က သြဂုတ်လ ၅ရက် ညပိုင်းမှာ အသိပေးထုတ် ပြန်ထားပါတယ်။

– သင်ဇာဝင့်ကျော်နဲ့ နန်းမွေ့စံတို့ကို အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်တဲ့အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့ စစ်ကောင်စီက အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန် ပါတယ်။

– KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ်တောင်ပိုင်း မြဝတီ-ဝေါလေ ကားလမ်း၊ သုံးထပ်ကွေ့အနီး စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့ ဩဂုတ်လ ၅ ရက်မှာ တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article