33 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၄၁၀၀ ကျပ်ကျော်နှင့် အခေါက်ရွှေစျေး ၃၃ သိန်းကျော်ဖြင့် စျေးစဖွင့်၊ ရွှေနှင့်ဒေါ်လာ ရောင်းသူမရှိ အဝယ်သာရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ နှင့် ၄၁၀၀ ကျပ်အကြား ၊ အခေါက်ရွှေတစ်ကျပ်သား ၃၃ သိန်းကျော်ဖြင့် စျေးစတင်ဖွင့်လိုက်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“မီးလင်းက ၃၃ သိန်းအပေါ်မှာပဲ စျေးဖွင့်ပါတယ်။ စျေးအတိအကျဆိုရင်တော့ ၃၃ သိန်း ၂ သောင်းဝန်းကျင်လောက် ရှိပါ့မယ်။ ဆိုင်မှာတော့ လတ်တလော ပစ္စည်းမရှိပါဘူး” ဟု ရန်ကုန်မြို့၏ နာမည်ကျော် မီးလင်းရွှေ ရောင်းဝယ်ရေး ဆိုင်မှ အရောင်းဝန်ထမ်းက ပြောသည်။

အလားတူ ဒေါ်လာစျေးနှုန်းမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် ၄၀၀၀ ကျပ်နှင့် ၄၁၀၀ ကျပ်ကျော် စျေးစတင်ဖွင့်လှစ်ပြီး ရောင်းသူထက် ဝယ်သူသာ ပိုများကြောင်း၊ လက်ဝယ်ရှိသူများကလည်း ထုတ်မရောင်းကြသဖြင့် အဝယ်သာများ ပြားကြောင်း သိရှိရသည်။

“မနေ့ညကတည်းက တစ်ဒေါ်လာ ၄၀၀၀ စျေးတန်းရောက်သွားတာပါ။ ဒီမနက် ပြန်ဖွင့်တော့ ၄၀၀၀ နဲ့ ၄၁၀၀ အကြားရှိပါတယ်။ အခြေအနေကတော့ တက်ဖို့ပါပဲ။ အကျတော့ မရှိဘူး” ဟု ရန်ကုန်ဒေါ်လာဝယ်ရောင်းတစ်ဦးက ဆိုသည်။

(မှတ်ချက်-အချိန်နှင့်အမျှ စျေးနှုန်းအပြောင်းအလဲရှိပါ၍ သတင်းကို မကြာခဏ ပြန်လည် ပြင်ဆင် တည်းဖြတ်ရပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article