27.9 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: August, 2022

ရွှေရေကြည် သပိတ် စစ်ကြောင်း ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၈ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် သြဂုတ်လ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာမြို့ပေါ်တွင် တော်လှန်လူငယ်များမှ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၈ မုံရွာမြို့ပေါ်တွင် တော်လှန်လူငယ် ကွန်ယက်မှ ဦးဆောင်ကာ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့လယ်ခေါင်တွင် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး တစ်ကိုယ်တော် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၈ ရန်ကုန်မြို့လယ်ခေါင်တွင် ဗမာ့လူငယ်ကွန်ရက် (ဗလက)မှ တော်လှန် လူငယ် တစ်ဦး ဦးဆောင်ကာ ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် "၈.၈.၈.၈ က ဝိညာဥ်များ ပြန်လည် နိုးထကြလော့" စာတန်း...

မုံရွာခရိုင် ကျေးရွာတစ်ရွာတွင် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၈ မုံရွာခရိုင် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်အဖြစ် "မပြီးဆုံးသေးတဲ့၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...

တာမွေတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုပြီး ကျောက်မြောင်းအရှေ့ရပ်ကွက် ရုံး အတွင်း ပစ်ခတ်မှု စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်မင်းဟန် ကျည်ထိမှန် သေဆုံး

ရန်ကုန်၊ ဩဂုတ် ၈ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တာမွေတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုပြီး ကျောက်မြောင်းအရှေ့ရပ်ကွက် ရုံးအတွင်း သေနတ်သမား ၃ ဦးက ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်မင်းဟန် ကျည်ထိမှန် သေဆုံး သွား ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ဩဂုတ်လ ၈ ရက်နေ့...
00:06:26

Khit Thit သတင်းဌာန၏  ဩဂုတ် ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့  ဩဂုတ် ၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်း-ကျေးရွာအနီးက အကြမ်းဖက် စစ်ကောင်စီတပ်စခန်း နဲ့ စစ်ကောင်စီ လက်အောက်ခံ ၊ ရှမ်းနီ တပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေကနေ ဒီကနေ့ ဩဂုတ် လ...

ပုလဲ လူထုသပိတ် စစ်ကြောင်း ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၈ ပုလဲ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ၈၈၈၈လူထုအရေးတော်ပုံ ၃၄ နှစ်​ပြည့်နေ့ အဖြစ် ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် "မပြီးဆုံးသေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး တို့အတူရုန်း" စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...

ဒီပဲယင်းတွင် အိမ်ခြေ ၄ ထောင်ခန့်ရှိသော မူးကမ်းကြီးရွာကို စစ်တပ်က ဒုတိယ အကြိမ် မီးတင်ရှို့နေ

ရန်ကုန်၊ သြဂုတ် ၈ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေ ၄ ထောင်ခန့် ရှိသော မူးကမ်းကြီး ရွာ ကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့် တွင် ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးနေကြောင်း...

ဆားလင်းကြီးတွင် ၅/လက်ပံတောင်း သပိတ် စစ်ကြောင်း ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၈ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆိုင်ကယ်များဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၄ နှစ်ပြည့်သည့် ယနေ့ ည ၈ နာရီတွင် စစ်မိစ္ဆာများကို မောင်းထုတ်ရေး ပြည်သူအားလုံး သံပုံးတီးကြရန် နှိုးဆော်ထား

ရန်ကုန်၊ ဩဂုတ် ၈ အကြမ်းဖက်စစ်တပ်ကို တော်လှန်ဆန့်ကျင်ခဲ့ကြသည့် ရှစ်လေးလုံး လူထု အရေး တော်ပုံကြီး ၃၄ နှစ်ပြည့်သည့် ယနေ့ ည ၈ နာရီတွင် စစ်မိစ္ဆာများကို မောင်းထုတ်ရေး ပြည်သူအားလုံး သံပုံးတီးကြရန် နှိုးဆော်ထားသည်။ ရှစ်လေးလုံး ၃၄ နှစ်ပြည့်ဖြစ်သော ဩဂုတ်လ ၈ ရက်နေ့...

Latest news

- Advertisement -spot_img