30 C
Yangon

ဒီပဲယင်းစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁၁ ဦးသေဆုံးမှု ပစ်ခတ်သူ စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ ဝမ်းနည်းကြေကွဲဟုသာ UNICEF ထုတ်ပြန်၊ မြန်မာပြည်သူများ စိတ်ဆိုးဒေါသဖြင့် ထုတ်ပြန် ကြေညာချက်ကို တုံ့ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း စာသင်ကျောင်းကို လေ ကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၁၁ ဦးသေဆုံးမှု ပစ်ခတ်သူ အကြမ်းဖက်စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခြင်း မရှိဘဲ ဝမ်းနည်းကြေကွဲဟုသာ UNICEF ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင် ကျောင်း တစ်ကျောင်းအပါအဝင် အရပ်သားပြည်သူများနေထိုင်ရာနေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်းတိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးခန့်သေဆုံးခဲ့ရကြောင်း၊ ယူနီဆက်မှ မိမိတို့သားသမီးများအားဆုံးရှုံးခဲ့ကြရသော မိဘများနှင့် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အသေးစိတ်အချက်အလက်များကိုလည်း ဆက်လက်အတည် ပြုနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံရသော စာသင်ကျောင်းမှ ကျောင်းသား/သူ အနည်းဆုံး ၁၅ ဦးခန့်မှာလည်း ပျောက်ဆုံးနေပြီး ယူနီဆက်အနေဖြင့် ကလေးများအား ဘေး အန္တရာယ်ကင်းစွာဖြင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း၊
စာသင် ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရကြောင်း၊ ကလေးသူငယ်များကို မည်သည့်အခါမှ မတိုက်ခိုက်ရကြောင်း ဖော်ပြထားသည်။

UNICEF ၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက် တိုက်ခိုက်ခဲ့သူ စစ်ကောင်စီတပ်များကို ဝေဖန်ရှုတ်ချရန် မလုပ်သဖြင့် ကြေညာချက်ထုတ်ပြန်ထားသော UNICEF ၏ လူမှုကွန်ရက်စာမျက်နှာအောက်တွင် အကြီးအကျယ် ဝေဖန်လျက်ရှိပြီး UNICEF အနေဖြင့် စစ်တပ်ဘောမ အဖွဲ့အစည်းတစ်ခုအဖြစ် ရောက်ရှိနေပြီဟု ဝေဖန်ကြသည်။

“ပစ်တဲ့ကောင်တွေ နာမည်မတပ်ရဲအောင် ယူနီဆက်က ဘောမနေပြီလား” ဟု ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားသည်။

UNICEF သည် အကြမ်းဖက်စစ်ကောင်စီထံတွင် မြန်မာယူနီဆက်ကိုယ်စား လှယ် ၏ တာဝန်ပေးလွှာပေးအပ်ပြီး အလုပ်လုပ်ကိုင်နေသော ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article