25 C
Yangon

စစ်ကောင်စီကျင်းပမည့် အတုအယောင် တန်ဆောင်တိုင်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုကြရန် မေတ္တာရပ်ခံ၊ စစ်တပ်က ပွဲလမ်းသဘင်များကို ဗုံးခွဲ၍ ပြည်သူကို ထိခိုက်အောင် လုပ်ကာ PDF ကို အပြစ်ပုံချ အကောက်ကြံနိုင်မှု သတိ ထားရန် လိုအပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကောင်စီကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုကြဘဲ တော်လှန်ရေးအင်အားစုများနှင့်ရပ်တည်ကြရန် ပြည်သူများသို့ မေတ္တာရပ်ခံချက်များ ထုတ်ပြန်ထားကြသည်။

လာမည့် နိုဝင်ဘာ ၄ ရက် မှ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင်တွင် အတုအယောင် တန်ဆောင်တိုင်မီးပုံပျံပွဲကို ကျင်းပရန် ကြိုးပမ်းလျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် သွားရောက်လည်ပတ်ခြင်း၊ ပူးပေါင်းပါဝင်ဆင်နွှဲခြင်းများ လုံးဝမပြုလုပ်ကြဘဲ တော်လှန်ရေးအင်အားစုများနှင့်အတူ ရပ်တည်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ကြသည်။

ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ပြည်သူများ မပါဝင်ကြရန် မေတ္တာရပ်ခံသည့် အဖွဲ့များမှာ Myin Mu Defense Force ၊ Ghost Team Ranger GTR MMU၊ Nagzun Five Stars၊ ACID Army People Defense Force၊ Moe Nyo Revolution Force ၊Demon King Defense Force၊ M7 People’s Defense Force ၊People’s Revolution Force PRF တို့ဖြစ်ကြသည်။

စစ်တပ်က ပွဲလမ်းသဘင်များကို ၎င်းတို့ကိုယ်တိုင် ဗုံးခွဲ၍ ပြည်သူကို ထိခိုက်အောင် လုပ်ကာ တော်လှန်ရေးအင်အားစုများကို အပြစ်ပုံချ၍ နွေဦးတော် လှန်ရေး၏ စည်းလုံးညီညွတ်မှုကို ဖြိုခွဲစေရန် လုပ်လာနိုင်သည့် အခြေအနေများ ရှိနေသဖြင့် ပြည်သူများ သတိထားကြရန် လိုအပ်ကြောင်း တော်လှန်ရေးအင် အားစုတချို့ကပြောသည်။

“ကျနော်တို့ မေတ္တာရပ်ခံတာက ဒီအချိန်က ပျော်ပွဲရွှင်ပွဲ လုပ်ရမယ့်အချိန်မဟုတ် ဘူး။ ကျဆုံးသွားတဲ့ ရဲဘော်တွေ၊ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို ကိုယ်ချင်းစာပြီး စစ်တပ်လုပ်တဲ့ အတုအယောင်ပွဲကို မသွားကြဖို့ ပန်ကြားတာပါပဲ။ မေတ္တာရပ်ခံတာပါပဲ။ ပြည်သူကို ထိခိုက်မယ့် အလုပ်မျိုး စစ်မှန်တဲ့ တော်လှန် ရေးအင်အားစုက လုပ်စရာမရှိပါဘူး။ ဒီပွဲတွေကိုလည်း တိုက်ခိုက်စရာမရှိပါဘူး။ မသွားကြဖို့ မေတ္တာရပ်ခံတာပဲရှိပါတယ်။ ဒါကိုလည်းရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ နောက်တစ်ခု အန္တရာယ်ရှိတာက စစ်တပ်က ဒီပွဲတွေကို ဗုံးခွဲပြီး ပြည်သူကို ထိခိုက်အောင်လုပ်ပြီးတော့ တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံချတာ၊ လွှဲချတာတွေ လုပ်မယ်ဆိုတာတွေ ကြားနေရတယ်။ ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို စစ်တပ်က ပစ်သတ်ပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်ပုံ လွှဲချသလိုမျိုး လုပ်လာမှာစိုးရိမ်ပါတယ်” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက‌ ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)ကလည်း စစ်ကောင်စီက ဦးစီးဦးဆောင်ပြု ကျင်းပမည်ဖြစ်သော လားရှိုးတန်ဆောင်တိုင်ပွဲကိုလဲ ပြည်သူလူထုအနေဖြင့် ကျဆုံးသွားသော၊ မပြေလည်သေးသော ဒီမိုကရေစီဘက်တော်သားတို့ကို ထောက်ထားကာ သွားရောက်ပျော်ပါးမှုများ မပြု လုပ်ကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း ယနေ့ ကြေညာချက်တစ်ရပ်ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီက တန်ဆောင်တိုင်ပွဲလမ်းသဘင်များ မဖြစ်မနေ ကျင်း ပ ရန်နှင့် ဗုံးခွဲမှုများ ပစ်ခတ်မှုများ ဖြစ်ပေါ်လျှင် PDF လက်ချက်ဟု အပြစ်ပုံချရန် နှုတ်မိန့်ညွှန်ကြားမှုများ ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-ယနေ့ ကနီတွင် တန်ဆောင်တိုင် စစ်အာဏာရှင်တော်လှန်ရေး ချီတက် ဆန္ဒပြနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article