36 C
Yangon

မတ္တရာတွင် Mytel တာဝါတိုင် ဆီလာဖြည့်သည့် ထော်လာဂျီကို PDF တပ်ဖွဲ့က ဖမ်းဆီး၊ ဆီပေပါ ၃ လုံးကို သိမ်းဆည်း ရောင်းချပြီး မီးဘေးသင့် ပြည်သူများထံလှူဒါန်း

Must read

မတ္တရာတွင် Mytel တာဝါတိုင် ဆီလာဖြည့်သည့် ထော်လာဂျီကို PDF တပ်ဖွဲ့က ဖမ်းဆီး၊ ဆီပေပါ ၃ လုံးကို သိမ်းဆည်း ရောင်းချပြီး မီးဘေးသင့် ပြည်သူများထံလှူဒါန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဆီလာဖြည့်သည့် ထော်လာဂျီကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီ ဆီပေပါ ၃ လုံးကို သိမ်းဆည်းခဲ့ကြောင်း မိုးကြိုးပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၄ မိနစ်တွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဆင်းကုန်းနှင့် ပန်းယျ အကြားတွင် အကြမ်းဖက် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဆီလာဖြည့်သည့် ထော်လာဂျီကို PDF တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ဆီပေပါ ၃ လုံးကို သိမ်းဆည်း ရောင်းချကာ မီးဘေးသင့်ပြည်သူများကို ကူညီရန် ပြင်ဦးလွင်ခရိုင် ပကဖ ဆီကို လွှဲပြောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

” ဆီတွေကို ရောင်းပြီး ဟိုတစ်နေ့က မီးဘေးသင့်ပြည်သူတွေကို ပြန်ကူညီဖို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီကို လွှဲပြောင်းပြီးလှူလိုက်တာပါ။ ထော်လာဂျီကတော့ မသိမ်းထားပါဘူး။ လူတွေနဲ့ အတူ ပြန်လွှတ်ပေးလိုက်တယ်။ သူတို့က သာမာန် ပြည်သူတွေဆိုတော့ ခံဝန် ကတိလောက်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ ဆီပေပါတွေနဲ့ ဆီဖြည့်ပစ္စည်း တွေပဲသိမ်းလိုက်တာပါ” ဟု မိုးကြိုးပြောက်ကျား တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ Mytel တာဝါတိုင်ကို ဆီလာဖြည့်သည့် ထော်လာဂျီကို မိုးကြိုးပြောက်ကျား – Madaya People Defence Force နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့မှ ပူပေါင်းဖမ်းဆီးခဲ့ပြီး ဆီအပြည့်ပါသည့် ပေပါ ၃ လုံးနှင့် အခွံ ၁ လုံးတို့ကို သိမ်းဆည်းခဲ့ကြောင်း၊ ယာဥ်မောင်းလာသူ ၂ ဦးသည် သာမာန် အရပ်သားများဖြစ်သောကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article