29 C
Yangon

အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေးအကျဉ်းသား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍ ဆန္ဒပြ

Must read

အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေးအကျဉ်းသား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍ ဆန္ဒပြ

ရန်ကုန် ၊ ဒီဇင်ဘာ ၂၇

ရန်ကုန်၊ အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေး အ ကျဉ်း သား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍ ဆန္ဒပြကြကြောင်း နိုင်ငံ ရေး အကျဉ်းသားသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်တွင်းသီးသန့်တရားရုံးတွင် ထောင် တွင်း အင်အား စုတစ်စုက ၎င်းတို့ကို အမိန့်ချမှတ်လိုက်သောတရားသူကြီးကို ရုပ်သေးရုပ်တရုပ်လက်ဆောင်ပေး၍ ရုပ်သေးရုပ်ကဲ့သို့ ကြိုးဆွဲရာကနေသည့် တရားရေးမဏ္ဏိုင်ကို ဆန္ဒပြကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၆ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ထောင်တွင်းသီးသန့် တရားရုံး တွင် နိုင်ငံရေးအကျဉ်းသားတစ်စုက အမှုရင်ဆိုင်နေစဉ် တရားသူကြီး ၏လက်ထဲသို့ ရှေ့နေကုတ် အင်္ကျီပူးတွဲချုပ်ထားသော ရုပ်သေးရုပ်တစ်ရုပ်ကို လက်ဆောင်ပေးပြီး “ ဥပဒေအထက်တွင် မည်သူမျှမရှိစေရ၊ သို့သော်စစ်ဖိနပ် တစ်ရံ တော့ရှိသည်” ဆိုသည့်စာကိုပါ ပူးတွဲ ထည့်ပေးလိုက်ကြောင်း၊ တရား သူကြီး က အမိန့်ချမှတ်ပြီးသည့်အချိန်တွင် ထိုသို့ လက်ဆောင်ထည့်ပေး လိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇ဦး နှင့် အမျိုးသမီး ၁ဦးတို့သည် အမိန့်ချမှတ် ခံရပြီး ချိန်တွင် ထိုသို့ တရားသူကြီးကို လက်ဆောင်ပေးခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများ ၊ လက်နက်မှုများဖြင့် မတရားစွဲချက်တင်ခံထားရသူ များဖြစ် ကြောင်း သိရှိရသည်။

အဖွဲ့ခေါင်းဆောင် နိုင်ငံရေးအကျဉ်းသားသည် ဒီဇင်ဘာ ၂၆ရက်နေ့တွင် အမှု ၇ မှုအတွက် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရပြီး ကျန်သူများမှာ ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်ခံရကာ နောက်ထပ်အမှုများကိုလည်း ဆက်လက် ရင်ဆိုင် နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article