29 C
Yangon

အာဆီယံအထူးသံတမန် ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည့် အစီအစဉ် ဖျက်သိမ်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ်ပြီးနောက် ခရီးစဉ်ဖျက်သိမ်းမှု ဖြစ်ပေါ်လာဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန် ကြီး Prak Sokhonnက မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကြေညာ ထားခဲ့ သော်လည်း ယခုအခါ အဆိုပါ လာရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက် ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော် ပြော ဆို သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားမှု အချိန် ကုန် ဆုံးနေပြီဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံ နှင့် ဥရောပသမဂ္ဂအစည်းအဝေး တက်ရောက်ရန်ရှိကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံသို့ အာဆီယံ အထူးသံတမန် အဖြစ် နောက်ဆုံး လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ မြန်မာစစ်ကောင်စီအနေဖြင့ အာဆီယံ ဘုံသဘောတူ ညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် သဘောထား မပြသ ခြင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ် လိုက်ခြင်း တို့ကြောင့် ခရီးစဉ် ဖျက်သိမ်းခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုကြောင်း ကမ္ဘော ဒီးယား သတင်းမီဒီယာ ခမာတိုင်းမ်က ရေးသားထားသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် Luy Davidက အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံ-အီးယူ အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တက်ရောက်မည်ဖြစ်၍ မြန်မာ နိုင်ငံ သို့ သွားရောက် အချိန်တိုတောင်းလွန်းပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက ဆက်လက်ကိုင်တွယ် လိမ့်မည်ဟု ထုတ်ဖော်ပြောဆိုသည်။

“ကမ္ဘောဒီးယားအနေနဲ့ မြန်မာ့နိုင်ငံရေအးကျပ်အတည်းကို ဖြေရှင်းဖို့ အ ကောင်း ဆုံး ကြိုးပမ်းခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက် ရမယ့် အချိန်က တိုတောင်းလွန်းတာကြောင့် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကိုပဲ အလှည့်ပေးပါ့မယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် Luy Davidက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article