36 C
Yangon

အရာရှိနှင့် စစ်သားများသာ သီးသန့်သဂြိုလ်သည့် မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် အသုဘများဖြင့် စည်ကားစေရန် လာဘ်ခေါ် ကြောင်ရုပ်ချထားပေးပြီး ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

တိုက်ပွဲတွင် သေဆုံးခြင်း အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဘ၀တစ်ပါး ကူး ပြောင်း ကြသည့် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့် စစ်သားများသာ သီးသန့် သဂြိုလ်သည့် မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် အသုဘများဖြင့် စည်ကားစေရန် လာဘ်ခေါ် ကြောင်ရုပ်ချထားပေးပြီး Yangon Revolution Force – YRFက ယနေ့ ဆန္ဒပြသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် မြန်မာ့စစ်တပ်၏ ရာထူး အကြီးပိုင်းများ၊ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် စစ်သားများ သေဆုံးလျှင် မြှုပ်နှံလေ့ရှိသည့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်ခွေးသင်္ချိုင်း၏ အရှေ့တွင် လာဘ်ခေါ် ကြောင်ရုပ်ကို Yangon Revolution Force – YRF ၏ Soft Strike Community မှ ရဲဘော်များက သွားရောက်ချထားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော လပိုင်းအတွင်း မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်ရခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ထိုင်္သချိုင်းတွင် မြုပ်နှံခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ချထားခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်း စစ်ခွေးသင်္ချိုင်းထဲသို့ ရောက်ရှိရန် ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်များအား ပြည်သူ လူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ကာ ထိုသင်္ချိုင်းထဲသို့ မြန်မြန် ရောက်ရှိပြီး ဘဝနိဂုံးချုပ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။

စစ်အရာရှိမှန်သမျှ အလျှင်အမြန် အနားယူခွင့်ရစေရန်နှင့် ၎င်းတို့ နားခိုရာ သင်္ချိုင်းတွင် စည်ကားစေလိုသော စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း Yangon Revolution Force – YRFက ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် ချထားပေသည့် စည်ကားမှု လာဘ် ခေါ် ကြောင်ရုပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article