38 C
Yangon

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး ၄ ဦး အရှင်ဖမ်းဆီး ရမိ၊ လက်နက် ၁၁ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ

Must read

ဖရူဆိုတွင် ပြည်သူ ၄၀ ကျော် သတ်ဖြတ်ခဲ့သည့် စစ်တပ် တပ်ရင်းဖြစ်၍ စစ် သုံ့ပန်းများကို စစ်ဆေးအရေးယူရန်ရှိ

ရန်ကုန်၊ဒီဇင်ဘာ ၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် ယမန်နေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ၂၀ ကျော် သေဆုံးပြီး ၄ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကာ လက်နက် ၁၁ လက်၊ ခဲ ယမ်း များ သိမ်း ဆည်း ရမိကြောင်း KNDF ဗဟိုမှ သတင်းနှင့် ပြန်ကြားရေး တာဝန် ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ တစ်နေကုန်နီးပါးကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း စစ် ကောင်စီ ဘက်မှ ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ တပ်ကြပ်ကြီး ၁ ဦး ၊ တပ် ကြပ် ၂ ဦး ၊ တပ်သား ၁ ဦးစုစုပေါင်း ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ MA-1 သေနတ် ၄ လက် ၊ MA -3 သေနတ် ၂ လက် ၊ MA-4 79တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါးကြင်းမြီး ၁ လက် ၊ RPG ၁ လက် ၊ ၆၀ မမ စိန် ပြောင်း ၂ ပြောင်း ၊ ကွန်ပျူတာ ၁ လုံး ၊ ဖုန်းအချို့နှင့် ခဲယမ်းပစ္စည်းများ ၊ အသုံး အဆောင် တချို့တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါက မီးကျေးရွာဖက်သို့ စစ်တပ်ဘက်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း သဖြင့် KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် KA တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ စဉ် စစ် ကောင်စီ ဘက်မှ လက်နက်ကြီးများဖြင့် အဆမ တန် ပစ်ကူပေးခဲ့ သည့် အပြင် ညနေပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် လာ ရောက် ဗုံးကျဲ တိုက် ခိုက် ခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၉ နာရီခန့်တွင်လည်း တိုက် လေ ယာဥ် ဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

ယမန်နေ့ စစ်ကြောင်းထိုးလာသောတပ်ရင်းမှာ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ ဓနုဖြူ အခြေစိုက် တပ်ရင်းဖြစ်ပြီး အဆိုပါ တပ်ရင်းမှာ ၂၀၂၁ ခုနှစ် ၊ ဒီဇင် ဘာလ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် ၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ ပြည်သူ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာ တွင် ပါဝင်ခဲ့ သော တပ်ရင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၄ ဦးသည် ပြည်သူ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်မှုတွင် ပါဝင်ခြင်းရှိ၊ မရှိ စစ်ဆေး အရေးယူ မည်ဖြစ် ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြသည်။

“သူတို့ကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားမယ်။ ဖရူဆိုမှာ ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ရာမှာ သူတို့ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေး အရေးယူမယ်။ ဥပဒေ နဲ့ အညီ ဆက်လုပ်သွားမယ်” ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန် ရှိသူ က ဆက် ပြောသည်။

KNDFက ယခုတိုက်ပွဲအတွင်း ရရှိခဲ့သော အောင်မြင်မှုနှင့် လက်တုန့်ပြန် နိုင် ခဲ့မှု များသည် မိုဆိုကျေးရွာအနီး စစ်ကောင်စီ၏ တပ်မ ၆၆ က လူမဆန်စွာ မီးရှို့ သတ်ဖြတ်ခဲ့၍ သေဆုံးသွားခဲ့ရသော အပြစ်မဲ့ပြည်သူ ၄၀ ကျော် တို့ အတွက် ရည်ညွှန်းကြောင်း၊ လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အရှေ့ ဘက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင် အကြမ်း ဖက် စစ်ကောင်စီ စစ်ကြောင်းများ ပြန်ထိုးလာသော အခြေနေများကြောင့် စစ် ရေး အခြေနေတင်းမာနေသဖြင့် ပြည်သူများအနေဖြင့် ဖြတ်သန်းသွား လာခြင်း၊ နေအိမ် ပြန်ခြင်းများ မပြုလုပ်ကြသေးရန် ပြည်သူများကို KNDF က မေတ္တာရပ် ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article