35 C
Yangon

အမေရိကန် ဝါရှင်တန်ဒီစီတွင် စစ်ကောင်စီ၏ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

အမေရိကန်နိုင်ငံ Washington DC Area ရှိ မြန်မာ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်၍ တိုင်းရင်းသားပေါင်းစုံ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲကို အကြမ်းဖက် စစ်ကောင်စီ စစ်သံရုံးရှေ့နှင့် White House ရှေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တိုင်းရင်းသားပေါင်းစုံပါဝင်ကြပြီး သံရုံးရှေ့မှ စတင်ကာ White House ရှေ့သို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွင် အဆိုတော် လင်းနစ်နှင့် လင်းထက်တို့က တော်လှန်ရေးတေးသီချင်းများ သီဆိုပါဝင်ကြပြီး ကလေးများက White House ရှေ့တွင် စကစ၏ လေယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်မှုများကို သရုပ်ဖော်ခဲ့ကြသည်။

လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ မဝေဝေနု နှင့် အမေရိကန် အမျိုးသမီး Mrs. Erika Berg တို့ကလည်း မြန်မာပြည်၌ အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများနှင့် ကလေးများအပေါ် လူမဆန် ရက်စက်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများကို ထုတ်ဖော်ပြောကြားသွားပြီး မ Shwe Steph မှ အမေရိကန် ဒုသမ္မတ Mrs. Kamala Harris ထံသို့ Women for Myanmar မှ ပေးပို့သောစာကို ဖတ်ပြသွားခဲ့ကာ အခမ်းအနားစီစဉ် သူများဖြစ်ကြသော Women for Myanmar မှ ဆရာမမှူးမှူး၊ အန်တီနီနီနှင့် ဆရာမမင်းမင်း(Min Min Berwald) တို့ကလည်း အမျိုးသမီးများ တော်လှန်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းနှင့် နွေဦးတော်လှန်ရေးတွင် ပထမဆုံးကျဆုံးသွားသော မမေသွဲ့ခိုင်၊ မကြယ်စင်နှင့် ကျဆုံးသွားကြသော အမျိုးသမီးအားလုံးကို ဂုဏ်ပြုကြောင်း၊ တော်လှန်ရေးပြီးဆုံးသည်အထိ အမျိုးသမီးများက တတ်နိုင်သည့်ဖက်မှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article