28 C
Yangon

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် “ မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ Allen County Main Library တွင် ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသည့် “မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို Fort Wayne Burmese Community အဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ ၁၁ ရက် နေ့တွင် ပွဲချိန် နှစ်ချိန်ခွဲ၍ ရုံပြည့်ပြသခဲ့ကြောင်း သိရှိရသည်။

ရုပ်ရှင်ပြသမှုကို ဖို့ဝိန်းမြို့နှင့်အနီးတဝိုက်တွင်နေထိုင်ကြသော လူဦးရေ ၃၅၀ ကျော်ခန့်ရှိ သည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနှင့် အမေရိကန်မိတ်ဆွေမိသားစုများက ကြည့်ရှုခဲ့ကြပြီး ရုပ်ရှင်ပြပွဲသို့ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းမှ Zoom မှတစ်ဆင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း၊ ရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတစ်ဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article