28 C
Yangon

မန္တလေးတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် တပ်စွဲထားသော နေရာကို ဖောက်ခွဲ တိုက်ခိုက်

Must read

မန္တလေးတွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးနှင့် တပ်စွဲထားသော နေရာကို ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မန္တလေးတွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် တပ်စွဲထားသော နေရာကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မန္တလေး UG ပြောက်ကျား တပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာ၊ ဘိလပ်မြေစက်ရုံထိပ်တွင် မတ္တရာမှ Non CDM များကို ရုံးကြိုပို့ရာတွင် အစောင့်လိုက်ပါလာသော စစ်သားများ ပါဝင်သည့် Light truck ကား ၁ စီးကို UG ရဲဘော်များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ကား၏ အနောက်ခြမ်းကို ထိမှန်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ် ၁၂၆ ၊ ၅၁ လမ်းရှိ ၂၉ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ပြောက်ကျား တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ထပ်မံပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

” တိုက်ခိုက်မှု ၂ ခုလုံးမှာတော့ စစ်ခွေးသေစာရင်း အတည်မပြုနိုင်သေးဘူး။ တိုက်ခိုက်မှု ၂ ကြိမ်လုံးကို မြနန္ဒာစစ်ဆင်ရေး (မန္တလေး) ​အဖြစ် တိုက်ခိုက်ခဲ့တာပါ” ဟု UG ပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article