အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်းအားစုများမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
နိုင်ငံတစ်ဝှမ်းလုံးရှိ သံဃာတော်များဖြင့် ဖွဲ့စည်းထားသော အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုများမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် “ကမ္ဘာမှာ စစ်တပ်က အာဏာသိမ်းလို့ ကောင်းစားသွားတဲ့နိုင်ငံ မရှိပါဘူး။မြန်မာနိုင်ငံဟာ အချမ်းသာဆုံးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတာဟာ စစ်တပ်ကအာဏာသိမ်းခဲ့လို့။ ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)” စာသားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။