29 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ မြန်မာနိုင်ငံအနှံ့အပြား ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာ မြင်တွေ့ခဲ့ရတဲ့ အလင်းတန်းမှာ အိန္ဒိယနိုင်ငံက စမ်းသပ်ပစ်လွှတ်လိုက်တဲ့ Agni V နူးကလီးယား သယ်ဆောင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အောင်မြင်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး အိန္ဒိယသတင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။ – တနင်္သာရီတိုင်း၊ သရက်ချောင်း-ပုလော လမ်းပိုင်းမှာ စစ်တပ်ခြေလျင်စစ်ကြောင်း ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် စစ်သား ၁၀ ဦးခန့် သေသွားခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ – ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ BPI ဆေးဝါးစက်ရုံအနီးက အကြမ်းဖက်နှိမ်နင်းရေးတပ်ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ မနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article