28 C
Yangon

NLD မိဘမဲ့နှင့် HIV/AIDS စောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်၊ ရှေ့နေဒေါ်ရွက်နုအောင်ကို ထောင် ဒဏ် ၁၅ နှစ်နှင့် ရန်ကုန် ၄၄ လမ်းမှ လူငယ် ၆ ဦးကို ထောင်ဒဏ် ၁၂ နှစ် စစ်တပ်က ချမှတ်

Must read

NLD မိဘမဲ့နှင့် HIV/AIDS စောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်၊ ရှေ့နေဒေါ်ရွက်နုအောင်ကို ထောင် ဒဏ် ၁၅ နှစ်နှင့် ရန်ကုန် ၄၄ လမ်းမှ လူငယ် ၆ ဦးကို ထောင်ဒဏ် ၁၂ နှစ် စစ်တပ်က ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် (NLD) မိဘမဲ့နှင့် HIV/AIDS စောင့်ရှောက်ရေး ဂေဟာ (NAC) တာဝန်ခံကိုရာဇာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း ကိုရာဇာ၏ မိသားစုဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

ယနေ့တွင် ကိုရာဇာကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဂ)ဖြင့် ထောင်ဒဏ်၃ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး ကိုရာဇာသည် ဒဂုံမြို့သစ် အရှေ့ ပိုင်းတွင် မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဝေဒနာရှင် ၁၀၀ နီးပါးကို တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေစဉ် ယခုနှစ် မတ်လ ၂ ရက်နေ့နံနက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ အမိန့်ချတာပါ။ အခြားအမှုတော့ မရှိတော့ဘူး။ အခုချတဲ့အမှုပဲရှိတယ်” ဟု ကိုရာဇာ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

အလားတူ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးက ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ် လိုက်ကြောင်း၊ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲ အမိန့်ချ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ယမန်နှစ် ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း၊ တိုက်ခန်း တစ်ခန်းကို စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခဲ့ရသော ကိုရဲမင်းဦး၊ ကိုမင်းသစ္စာအောင်၊ ကိုဝေယံထက်၊ ကိုသီဟကောင်းဆက်၊ကိုဝေဖြိုးအောင်၊ မပိုးကျော့ကျော့ခန့်တို့ကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်က ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ- ၃ ၊ ပုဒ်မ-၆ အတွက် ထောင် ၇ နှစ်၊ ပုဒ်မ-၅ အတွက် ထောင် ၅ နှစ် စုစုပေါင်း ၁၂ နှစ်ချမှတ်လိုက်ကြောင်း၊ ကားဆရာကိုလည်း ပုဒ်မ ၆ ဖြင့် ထောင် ဒဏ် ၇ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article