27.6 C
Yangon
- Advertisement -spot_img

ARCHIVE

Yearly Archives: 2022

“ပင်လုံကတိကဝတ်အရင်းတည် ဖယ်ဒရယ်ပြည် ထောင်စုသစ် ရဲရဲချီ။´´​လောင်းလုံ သပိတ်စစ်​ကြောင်း ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၀ လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂမှ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်း တွင် ``ပင်လုံကတိကဝတ်အရင်းတည် ဖယ်ဒရယ်ပြည်ထောင်စုသစ် ရဲရဲချီ´´ဘန်နာကိုင်ဆွဲကာ အာရုံဦးသပိတ်ပြုလုပ်ပြီး အာဏာရှင်ကိုသပိတ်မှောက်ဆန္ဒထုတ်ဖော်ကြပါသည်။Photo- လောင်းလုံးမြို့နယ်လုံးဆိုင်ရာအကသသပိတ်ကော်မတီ

AA နှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး မြင့်ဆွေဝင်း၊ တပ်ကြပ်ကြီး အောင်မြင့်ဆွေ၊ တပ်ကြပ်သန်းထွေး၊ တပ်ကြပ်ယာဉ်မြင့်၊ ဒုတပ်ကြပ်ဘတင်၊ တပ်သားထိန်လင်းအောင်၊ တပ်သား အောင်အောင် အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံး(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရခိုင်ပြည်နယ်၊ မောင်တောတွင် AA နှင့် အကြမ်းဖက် စစ်တပ်များ တိုက်ပွဲများ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။အကြမ်းဖက်...

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ နိုင်ငံတစ်ဝန်း ပြည်သူများ၏ ခုခံ တွန်းလှန်စစ်ကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈၀ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်း ကောက်ယူရရှိသည်။

မြိုင် အုန်းပင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅လုံးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ မကွေးတိုင်း မြိုင်မြို့နယ် အနောက်ပိုင်း ၊ ဝက်ပုတ်အုပ်စု၊ အုန်းပင်စု ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၅လုံးနှင့်...

Breaking News-တန့်ဆည် ကံထူးမ ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ အနည်းဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကံထူးမ ရဲစခန်းကို ယနေ့ ဖေ ဖော်ဝါရီ ၉ ရက်နေ့ နံနက်ပိုင်းPDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး စခန်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီဝင် တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးနိုင်ကြောင်း Taze People’s...

မန္တလေးတိုင်းတွင် စစ်ကောင်စီ ယာဉ်တန်းနှင့် EPC ရုံးဗုံးခွဲ ခံရပြီး ပုသိမ်တွင်လည်း သင်္ဘောကျင်းရဲစခန်း ဗုံးဖြင့် ပစ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ မန္တလေး ပုသိမ်ကြီးမြို့နယ် မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ ဆင်ရွာကြီး မြနန္ဒာလမ်းနှင့် ဓနသိဒ္ဓိရွာကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ မွန်းလွဲ ၁၁နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ အရာရှိများ လိုက်ပါလာသည့် ယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂ဖွဲ့က...

၀ဏ္ဏမောင်လွင်ကို မဖိတ်လို့ အာဆီယံနိုင်ငံခြားရေး အစည်းအဝေးသို့ ကိုယ်စား လှယ် မင်းအောင်လှိုင် မလွှတ်၊ “အာလုံး ၀ိုင်းတားတဲ့ကြား ဇွတ်နှိုက်မြည်းတဲ့ ဟွန် ဆင် ဘာမှန်းသိဖို့ ကောင်းပြီ” ဟု ဦးမင်းကိုနိုင် မှတ်ချက်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အဆင့် ဆွေးနွေးပွဲသို့ မြန်မာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မည်သည့် ကိုယ်စားလှယ်မှ စေလွှတ်မည်မဟုတ်ကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက တရုတ် CGTN သတင်းဌာနသို့ ပြောဆိုလိုက်သည်။ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံက...

ရေဦးတွင် စစ်တပ်က ညအချိန် အပြင်ထွက်သည်ဆိုကာ ကိုရဲမြင့်နှင့် လူငယ် ၁ဦးကို အကြောင်းမဲ့ ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ဖေဖော်ဝါရီလ ၇ရက်နေ့ ည ၉နာရီခန့်က အောင်ဆန်းရပ်ကွက်တွင် ကိုရဲမြင့်နှင့် အမည်မသိ လူငယ် ၁ဦးကို စစ်တပ်က ညဖက် အပြင်ထွက်သည်ဆိုတာ အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ "...

“၅/ သွေးတွေကုန်မှ ဒီမြေကို အုပ်ချုပ်ခွင့်ရမယ်” ကြွေးကြော်သံနှင့် အရာတော် သပိတ် ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉အရာတော်မြို့နယ်တွင် ပြည်သူများ စုပေါင်း၍ "၅/ သွေးတွေကုန်မှ ဒီမြေကို အုပ်ချုပ်ခွင့်ရမယ်" ကြွေးကြော်သံနှင့်အတူ အကြမ်းဖက် ဖက််ဆစ်စစ်အာဏာရှင် ဆန့်ကျင်ရေး အရာတော် သပိတ် ချီတက်ခြင်းကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

မန္တလေးတွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉မန္တလေးတွင် စစ်အာဏာရှင် ချေမှုန်းရေးအတွက် ယနေ့ ညနေပိုင်းတွင် ပြည်သူများက ချီတက် သပိတ်မှောက် ကြသည်။

Latest news

- Advertisement -spot_img