36 C
Yangon

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံခြင်း အပိုင်း (၁)

Must read

“စစ်ကောင်စီက လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာ မတိုးတက် ဘူးဆိုရင် နောက်တစ်ဆင့်ပေါ့။ မလုပ်ရင် တော့ မလုပ်သလိုတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီအတိုင်း ရပ်ကြည့်နေမှာမဟုတ်ဘူးလို့တော့ သုံးသပ် ပါတယ်”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံခြင်း အပိုင်း (၁)

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီဟာ နေ့စဉ်ဆိုသလို အကြမ်းဖက်သတ်ဖြတ်မှုတွေ ရွာ လုံးကျွတ်မီးရှို့မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ် လူမျိုးတုန်း သတ် ဖြတ် မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာကပြစ်တင် ရှုတ်ချ နေပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ နိုင်ငံ နဲ့ပတ်သက်တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ်။ ဒီလို လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ နိုင်ငံတကာက ပြစ်တင် ရှုတ်ချမှု တွေ ဖိအားတွေ အပေါ် စစ်ကောင်စီဟာ ထိပ်တိုက်တွေ့ရေး လမ်းစဉ်နဲ့ တုံ့ပြန်နေပါတယ်။

ဒီလို အခြေအနေနဲ့ပတ်သက်လို့ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေ ၊ ကုလသ မဂ္ဂက မြန်မာပြည်သူတွေကို ပေးနိုင် မယ့်အကူအညီတွေ အမျိုးသား ညီညွတ် ရေး အစိုးရအပေါ် အသိမှတ်ပြုမှုတွေ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့ရန်ကုန် ခေတ် သစ် က တွေ့ဆုံမေးမြန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article