33 C
Yangon

အရာတော်တွင် ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

Must read

အရာတော်တွင် ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ပျူစောထီး ၂၀ ဦးသေဆုံးကြောင်း Bee Fighters Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် အရာတော်မြို့နယ် သလဲဘာရွာရှိ ပျူစောထီး စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရွာအတွင်းရှိ ပျူစောထီး စခန်းအားလုံး သိမ်းဆည်း မီးရှို့ ရှင်းလင်းကာ ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ဒီနေ့ ကျွန်တော်တို့ BFRA အဖွဲ့က စမ်းသပ် ထုပ်လုပ်တဲ့ အမည်မဖော်လိုသေးတဲ့ လက်နက်ကြီး ၂ လုံးနဲ့ သွားရောက် စမ်းသပ် ပစ်ခတ်တာ ထင်မှတ်မထားတဲ့ ရလဒ် တစ်ခုဖြစ်ခဲ့ပြီး ပျူစောထီးစခန်း အကုန်နီးပါးမီးလောင်ပြာကြခဲ့တယ်။ ကာကွယ်ရေး အဖွဲ့တွေက အနီးကပ် ဝင်ရောက်တိုက်ခိုက်လို့ သလဲဘာရွာ ပျူစခန်းကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ ပျူစောထီး ၂၀ ကျော် သေဆုံးပြီး အများပြား ထွက်ပြေးသွားတယ်။ သလဲဘာရွာ ပျူစခန်း လုံးဝကျဆုံးကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်” ဟု Bee Fighters Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Bee Fighters Revolution Army BFRA Wet Let အဖွဲ့ ၁မှ Pro Life ဦးဆောင်ကာ BFRA အဖွဲ့ ၂ မဟာမိတ် သိန်းငှက်ပျောက်ကြားအဖွဲ့နှင့် အရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article