30.5 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ နှင့် နိုင်ငံတကာ တောင်းဆိုမှု လိုက်လျောရန် မင်းအောင်လှိုင် ဆန္ဒ မရှိဟုဆို

Must read

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ နှင့် နိုင်ငံတကာ တောင်းဆိုမှု လိုက်လျောရန် မင်းအောင်လှိုင် ဆန္ဒ မရှိဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ တောင်းဆို ဆုံးဖြတ်ချက်ကိုလည်းကောင်း၊ နေအိမ် အကျယ်ချုပ် ပြန်ထားရန် တောင်းဆိုမှုများကိုလည်းကောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုက်လျောရန် ဆန္ဒမရှိကြောင်း နေပြည်တော်၊ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် ၃၃ နှစ် အပြီး သတ်အမိန့် ချမှတ်ပြီးနောက် နေအိမ် အကျယ်ချုပ်ပြန်ထားနိုင်သည်ဟု ယူဆ ချက် များရှိနေသော်လည်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကမူ မင်းအောင် လှိုင် အနေဖြင့် ယင်းကိစ္စကို စိတ်ဝင်စားမှု လုံး၀ မရှိသည့်အပြင် လိုက်လျောရန်လည်း ဆန္ဒ မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မင်း အောင် လှိုင်က အငြိုးအာဃာတကြီးမားစွာ ရှိနေဆဲဖြစ်ကြောင်း ပြောဆိုသည်။

“NLD အစိုးရလက်ထက်မှာ တပ်ချုပ်က သူ့ကို နှိမ်ခဲ့တယ်လို့ ယူဆပုံရတယ်။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ တပ်ချုပ်ကို “ဘာရမလဲ သာ၀ရယ်” ဆိုပြီး လူမှုကွန်ရက်မှာ နှိမ်ပြီးရေးခဲ့တာ။ နိုင်ငံတော်အဆင့် ပွဲလမ်း တွေမှာ သူ့ကို နေရာမပေးခဲ့တာ။ အဲဒါတွေနဲ့ပတ်သက်ပြီး အာဃာတ ကြီးကြီး မားမားကို ထားပုံရတယ်။ တပ်ဘက်က သူတို့လိုချင်တာတွေ မရခဲ့တာတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အခု ဂလဲ့စားချေသလို ဖြစ်နေတော့ သက်ညှာ ဖို့ လမ်းမရှိသလောက်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် အမိန့်ချ တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ် သက် လို့ စစ်ကောင်စီထဲမှာ ဆွေးနွေး ပြောဆိုမှု မရှိသလောက်ပါပဲ။ အဲဒီတော့ ပြန်လွှတ်မှာတို့၊ နေအိမ်အကျယ်ချုပ်ထားမှာတို့က ဖြစ်လာဖို့ ရာခိုင်နှုန်း အတော် ကို နည်းပါတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင် အကျဉ်းချထားမှုနှင့် ပတ်သက်သော ကိစ္စများကို ပြည်ထဲရေးဝန်ကြီး စိုးထွဋ်နှင့် မင်းအောင်လှိုင်တို့က တိုက်ရိုက် ကိုင် တွယ်ကြပြီး အခြားစစ်ကောင်စီအဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်များကိုမူ လိုအပ် မှသာ အသိ ပေးမှု လုပ်ဆောင်ကြောင်း သိရှိရသည်။

“ပြည်ထဲရေးဝန်ကြီးက တပ်ချုပ်ဆီ တိုက်ရိုက် Report တင်တယ်။ ဒေါ်အောင် ဆန်း စုကြည်နဲပတ်သက်တဲ့ အခြေ အနေတွေကို တင်ပြတယ်။ တပ်ချုပ်နဲ့ ပြည်ထဲ ရေးဝန်ကြီး နှစ်ဦးအကြားပဲ အပြန်အလှန် အဆက်အသွယ်လုပ်ပြီး ကိုင် တွယ်ကြတာ။ အခု သိထားတာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ် ထောင်ကနေပြီးတော့ အခြားနေရာတစ်ခုကို ရွှေ့ဖို့တော့ ရှိတယ်လို့ သိရ တယ်။ နေရာမသိရပါဘူး။ နေအိမ်အကျယ်ချုပ် ပြန်ထားမှာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောနိုင်ပါတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ် အာဏာ သိမ်းပြီးနောက် ရွေးကောက်ခံ ပြည်သူ့ အစိုးရခေါင်း ဆောင် နိုင်ငံ တော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ မတရား အမှုဆင်၍ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article