30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာကို သင်္ဘောနဲ့ အင်အားတိုး ချဲ့လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကျဲတိုက် ခိုက်ရာမှာ ဗုံးထိသွားတဲ့ စစ်ကောင်စီတပ်သားဟာ ကမ်းခြေမှာ လူးလိမ့်ရင်း သေသွားတယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရေယာဥ် ၁ စီးကို PDF တပ်ဖွဲ့တွေကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် Local PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article