34 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ လာဖို့ရှိနေတဲ့အတွက် သံတွဲမြို့၊ ငပလီကမ်းခြေက တေဇပိုင် ‘’ အော်ရီယန် Palace Hotel မှာ စစ်ကား တွေနဲ့ လုံခြုံရေးချထားတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

– ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီဟားခါးလမ်းပေါ်မှာရှိတဲ့ ငလိုင်-ကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ CDM မတူပီ ကြား ဇန်နဝါရီလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီ ဘက်က တစ်ဦးသေသွားတာကို အတည်ပြုလို့ရပြီး ၊ CDF Matupi က ရဲဘော်တစ်ဦးလည်း အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ CDF Matupi ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အထိုင်ချ စခန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကနေ လက်နက်ကြီးတွေ ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦး သေသွေားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article