34 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီရဲ့ (စသုံးလုံးဌာန) မှာ ဒုတိယ စုံစမ်းရေးမှူးကနေ စုံစမ်းရေးမှူးတွေအဖြစ် ရာထူး တိုးမြှင့်မှုတွေထဲမှာ လာဘ်ယူမှုနဲ့ နာမည်ပျက် ရှိတဲ့ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး ရဲ့ တူဖြစ်သူ ကြယ်ဇင် ထက် အပါအဝင် စစ်တပ် နဲ့ ပတ်သက်သူတွေကိုသာ ရာထူးတိုးမြှင့်ပေးတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

– ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ်ချမှတ်လိုက်တဲ့ အစည်းအဝေးဆုံးဖြတ် ချက်တွေ ဟာ အကြမ်းဖက်စစ်ကောင်စီအတွက် စိုးရိမ်စရာကောင်းတဲ့အကြောင်း လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြုတ် ကျသွား မှုကို ဥပမာပေးပြီး မင်းကင်းမောင်မြင့်က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သတိပေးပြော ဆိုခဲ့ပါတယ်။

-ရခိုင်ပြည်၊ စစ်တွေမြို့ ၊ စက်ရုံစု – ရပ်ကွက် ၊ အကွက် ၁၃ မှာရှိတဲ့ ဆီ တန်းရှေ့မှာ ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက အမျိုးသား ၃ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article