29 C
Yangon

PDFတပ်ဖွဲ့၏ ဒရုန်းများကို ကြောက်ရွံ့၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေတပ်နှင့် လေဆိပ် များတွင် ဒရုန်းထိန်းချုပ်မှု ဖြတ်တောက်သည့် Jammer များ စစ်ကောင်စီက တပ်ဆင်

Must read

PDFတပ်ဖွဲ့၏ ဒရုန်းများကို ကြောက်ရွံ့၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေတပ်နှင့် လေဆိပ် များတွင် ဒရုန်းထိန်းချုပ်မှု ဖြတ်တောက်သည့် Jammer များ စစ်ကောင်စီက တပ်ဆင်

ရန်ကုန်၊ ဇန်နဝါရီ ၉

အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေတပ်နှင့်လေဆိပ်များတွင် ဒရုန်း များ၏ ထိန်းချုပ်မှုကို ဖြတ်တောက်သည့် Jammer များ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

စစ်ကောင်စီက လေတပ်များအပေါ်သို့ PDF တပ်များ၏ ဒရုန်းဖြင့် ဗုံးကျဲမှု၊ဒရုန်းဖြင့် ထောက်လှမ်း မှုများကို ကြိုတင်ကာကွယ်ရန်နှင့် ကြောက်လန့်သည့်အတွက် ဒရုန််ထိန်းချုပ်မှုစနစ်ကို ဖြတ် တောက် သည့် Jammer များ တပ် ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လေတပ်များသာမက လေဆိပ်များတွင်ပါ ဒရုန်းထိန်းချုပ်မှု ဖြတ်တောက်သည့် Jammer များ တပ် ဆင် ခြင်းဖြစ်၍ ခရီးသည်တင်လေယာဉ်များ၏ အဆင်း၊ အတက် တာဝါတိုင်နှင့် ဆက်သွယ် မှုများ အပေါ် အနှောင့်အယှက်များဖြစ်စေကြောင်း၊ သို့ရာတွင် စစ်ကောင်စီက လုံခြုံရေးအတွက် အထူး ဦးစားပေးသဖြင့် Safety ပိုင်းတွင် အားနည်းချက်များစွာ ဖြစ်ပေါ်နေကြောင်း လေကြောင်း သတင်း ရင်းမြစ်တချို့က ဆိုသည်။

“လေတပ်နေရာတိုင်း jammer တွေလိုက်တပ်နေတယ်။ အရင်က ဟန်ကာမှာပဲ တပ်တာ။ လေတပ် ထဲက ဖုန်းလိုင်းတွေပါ မကောင်းတော့ဘူးဖြစ်နေတယ်။ ဒရုန်းပစ်ချတဲ့စနစ်တွေလည်း တပ်ထားတယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

လေတပ်အတွင်းသို့ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်နေခြင်းကြောင့် လေတပ် အတွင်းတွင် လုံခြုံရေး အတွက် ဘန်ကာကျင်းများ တူးဖော်ထားပြီး ဗုံးခိုကျင်းပုံစံများလည်း တူးထား ကြကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ လေတပ်တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article