28 C
Yangon

မြင်းမူမြို့နယ်၊ စစ်ကောင်စီ ထီးဆောင်းကျေးရွာ စစ်စခန်းကို PDF တပ်ပေါင်းစုက သိမ်းပိုက်ရှင်းလင်း၊ စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်း၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

Must read

မြင်းမူမြို့နယ်၊ စစ်ကောင်စီ ထီးဆောင်းကျေးရွာ စစ်စခန်းကို PDF တပ်ပေါင်းစုက သိမ်းပိုက်ရှင်းလင်း၊ စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်း၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကောင်စီ ထီးဆောင်းကျေးရွာ စစ်စခန်းကို PDF တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး စစ်သား ၁၅ ဦးသေဆုံးကာ လက်နက် ၂ လက်နှင့် ခဲယမ်း၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း မဟာမိတ်တပ်ပေါင်းစုတွင် ပါဝင်သူ မြင်းခြံခရိုင်တပ်ရင်း Zero ပျောက်ကြားတပ်ဖွဲ့တပ် ရင်းမှူး ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁ နာရီမှ စတင်၍ မြင်မူးမြို့နယ်၊ ထီးဆောင်းစစ်စခန်းကို မဟာမိတ် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၄ နာရီအချိန် သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးပြီး MA3 ၁ လက်၊ကျည်ဘောက် ၁ ခု၊ 5.56 ကျည် ၁၈ တောင့်၊ ကာဘိုင် သေနတ် ၁ လက်၊ကျည်ဘောက် ၃ ခု၊ကာဘိုင်ကျည် ၁၀၄ တောင့်၊ 9 ball ကိုးလုံးကျည်- ၇၆ တောင့်၊ Jammer စက် ၂ လုံး၊ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်ယူနီဖောင်း ၂ စုံ၊ စစ်ဖိနပ် ၃ ရံနှင့် စစ်ဦးထုပ် ၃ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“ခွေးစခန်းကတော့ နံနက် ၄ နာရီလောက်မှာ အပြီးသိမ်းနိုင်တယ်။ စခန်းတစ်ခုလုံးကို မီးရှို့ပစ်လိုက်တယ်။ စခန်းသိမ်းပြီး ခွေးအလောင်း ၁၅လောင်း တွေ့ ခဲ့တယ်။ ညတိုက်ပွဲဆိုတော့ မှတ်တမ်းမယူခဲ့နိုင်ဘူး။ လက်နက်ရရေးကိုပဲ အာရုံ စိုက်နေတာလည်းပါတယ်ပေါ့။ နောက်ပြီးဂျက် လေယာဉ် ရောက်လာလို့ နောက် ဆုတ်ခဲ့ရတယ်။ ခွေးအင်အားက၄၀လောက်ရှိတယ်။ အဲဒါကိုဝင်တိုက်ခဲ့တာ။ ကိုယ့်ဘက်ကတော့ ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်” ဟု မြင်းခြံခရိုင်တပ် ရင်း Zero ပျောက်ကြားတပ်ဖွဲ့တပ်ရင်းမှူး ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြင်းမူမြို့နယ်၊ ထီးဆောင်စစ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက သိမ်း ပိုက် ရှင်းလင်းလိုက်ပြီး မီးရှို့လိုက်ကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးကို တပ်ရင်း ၇ မြင်းခြံခရိုင်၊ ZERO ပျောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၉ ရွှေဘိုခရိုင်တပ်ရင်း ၂ ၊ စစ်ကိုင်းခရိုင်၊ တပ်ခွဲ၂ GTR- မြင်းမူ နှင့် တပ်ရင်း ၁ ကျောက်ဆည်ခရိုင်၊ နဂါးနီ-ကျောက်ဆည် တို့မှ တပ်ရင်း ၄ ရင်း၊ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအဖြစ်စခန်းသိမ်းခဲ့တာဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၁ ခုကို စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

(အမှားပြင်ဆင်ချက်- မြင်းမူမြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာထားသော စစ်ကိုင်းတိုင်း ၁၁ မြို့နယ်တွင် ပါဝင်ခြင်းမရှိပါကြောင်း ပြင်ဆင်ဖော်ပြအပ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article