33 C
Yangon

ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့သော ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ် ကွက်ရုံးကို ဝင်ရောက်ပစ်ခတ်ချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်မှု ထမ်းဟောင်း ခင်မောင်ဇင် နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ်မြောက်ခဲ့

Must read

ရာအိမ်မှူး ၂ ဦးသေဆုံးခဲ့သော ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ် ကွက်ရုံးကို ဝင်ရောက်ပစ်ခတ်ချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး စစ်မှု ထမ်းဟောင်း ခင်မောင်ဇင် နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ်မြောက်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကို ယမန်နေ့ သေနတ်၊ လက်ပစ်ဗုံးများဖြင့် ဝင်ရောက် ပစ်ခတ်ရာ အမှတ် ၉၄ ရပ်ကွက် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်း ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်မှာ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေး၍ လွတ် မြောက်သွားကြောင်း ဒေသပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ယုဇဥယျာဉ်အိမ်ရာ ၁၄ လမ်းထိပ်ရှိ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လက်ပစ်ဗုံးများ ပါပေါက်ကွဲကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ရာအိမ်မှူး ထွန်းထွန်းဝင်းတို့ သေဆုံးကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ရပ်ကွက်ထဲမှာ အပြောအများဆုံးက မနေ့က ပစ်ခတ်မှုဖြစ်ချိန် အုပ်ကြီး ခင်မောင်ဇင် “နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်” ဆိုပြီး ပြေးသလား မှတ်ရတယ် ပြေးချက်က အသားကုန်တဲ့။ ပစ်မယ့် လူငယ်တွေလည်း ဝင်လာရော အုပ်ကြီးက သူ့လူတွေတောင် သူ သတိမပေးနိုင်ဘူး ကိုယ် လွတ်ရုန်းပြေးတာ။ သူ့လူ ၂ ဦးသေတယ်။ သူတော့ လွတ်သွားတယ်။ သူ့ကိုလည်း လိုက်ပစ်တာ အပြေးကောင်း လို့ မထိတာ” ဟု ယုဇနဥယျာဉ်မြို့တော်နေ ပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ ရပ်ကွက်ရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဝင်းမြင့်နှင့် ထွန်းထွန်းဝင်းတို့ သေဆုံးပြီး ၊ ရာအိမ်မှူး မြင့်ဝေ၊ ရာအိမ်မှူး ဖြိုးကိုကိုမောင် ၊ ရာအိမ်မှူး မခင်ဆွေဝင်း၊ ရာအိမ်မှူး အောင်ဝင်း စုစုပေါင်း ၄ ဦး သေ နတ် မှန်ဒဏ်ရာရရှိကြောင်း၊ ရာအိမ်မှူး အောင်ဝင်းမှာ ခေါင်းတွင် ကျည်ထိမှန်ထား၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်ရုံးကိုဒဂုံမြို့သစ် ဆိပ်ကမ်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article